www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 5, 2014

ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်းတိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်



ရန်ကုန် ၊ ၅-၅-၂၀၁၄

သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ် များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေးအတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန်လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။

ယခင်က အမြန်နှုန်း အရှိန်တိုင်းတာ ရေးစက် ၁၄ လုံး တပ်ဆင်ထားပြီး စက်ကိရိယာ များကို ထိုင်းနိုင်ငံမှ မှာယူ တင်သွင်းကာ မတ်လပိုင်းမှ စတင် လုပ်ဆောင် ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အမြန်လမ်းမတွင် တစ်နာရီ ကီလိုမီတာ ၁၀၀ နှုန်းဖြင့် မောင်းနှင်ခွင့်ပြု ထားကြောင်း ၊ ယာဉ်မတော်တဆ မှုအများဆုံး ဖြစ်ပွားသော Light Truck ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၈၀ နှုန်း ခွင့်ပြုထားပြီး သတ်မှတ်နှုန်းထက် ပိုမို မောင်းနှစ်ပါက မြန်နှုန်း တိုင်းတာ စောင့်ကြည့်စက် များမှ သတိပေး အချက်ပြမှု ပြုလုပ်သွားကာ မှတ်တမ်းတင် အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမ တစ်လျှောက် ခရီးသွားများ လုံခြုံရေး အတွက် ရဲစခန်း ၁၅ ခု ၊ ရဲကင်း ၄၀ ဖြင့် စောင့်ကြပ်မှု ပေးထားပြီး အမြန်နှုန်း တိုင်းတာရေးစက် များကို မိုင်တိုင် ၁၁/၂ မှ စတင်ကာ မိုင်တိုင် ၃၅၂/၇ တို့ရှိ ကြား မိုင်တိုင် များတွင် အသွားအပြန် လမ်းများ၌ တပ်ဆင် ထားကြောင်း သိရှိရသည်။ 

(လင်းသစ်)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger