www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 14, 2014

ဒီရေတော ပိုင်ဆိုင်မှု ကမ္ဘာ့အဆင့် ခုနစ်ဖြင့် မြန်မာရပ်တည် ဒီရေတောများ ပြန်လည် ထူထောင်ရေး စီမံကိန်း ဂျပန်နှင့် ဆက်လက်ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၄-၅-၂၀၁၄

ကမ္ဘာပေါ်တွင် ဒီရေတော ပိုင်ဆိုင်မှု အဆင့်ခုနစ်ဖြင့် မြန်မာနိုင်ငံက ရပ်တည်နေဆဲ ဖြစ်ပြီး မြန်မာ့ ဒီရေတောများ ပြန်လည် ထူထောင်ရေး စီမံကိန်း ကို ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီးဌာန မှ သိရသည်။

မြန်မာ တစ်နိုင်ငံလုံး တွင် ဧက တစ်သန်း နှစ်သိန်းခန့် ရှိပြီး ကမ္ဘာ့ ဒီရေတော ဧရိယာ ၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိသည့်အတွက် မြန်မာနိုင်ငံ သည် ဒီရေတောများ ပိုင်ဆိုင်မှု တွင် ကမ္ဘာ့ အဆင့်ခုနစ်ဖြင့် ရပ်တည် နေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံရှိ ဒီရေတော ရှိရာ ဒေသများအနက် ဒီရေတော ကြီးမား ကျယ်ပြန့်စွာ တည်ရှိနေသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် လူဦးရေ ထူထပ် လာမှုနှင့် စိုက်ပျိုးရေး လုပ်ငန်းများ ချဲ့ထွင်လာမှု ကြောင့် ဒီရေတောများ လျော့ကျမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ မြစ်ဝကျွန်းပေါ် ဒေသရှိ ဒီရေတောများ ကို ဘက်စုံ စီမံ အုပ်ချုပ် လုပ်ကိုင်ခြင်း နှင့် ပြန်လည် စိုက်ပျိုး ပြုစခြင်း စီမံကိန်း ကို ၂၀၀၇ ခုနှစ် ကတည်းက ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ ( JICA ) အကူအညီဖြင့် မြန်မာ - ဂျပန် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ စီမံကိန်းသည် ၂၀၁၃ ခုနှစ်အထိ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် အတွက် ဆက်လက်၍ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ စီမံကိန်း ကို တိုးမြှင့် ဆောင်ရွက် သွားမည်ဟုလည်း သိရသည်။

အဆိုပါ စီမံကိန်း သည် ဒီရေတော များကို ပြန်လည် ပြုစု ပျိုးထောင်ခြင်း သီးသန့် မဟုတ်ဘဲ ၂၀၀၈ ခုနှစ်က ဖြစ်ပေါ် ခဲ့သည့် နာဂစ်မုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ် များကို ကာကွယ် ပေးရန် အတွက်လည်း ရည်ရွယ်ကြောင်း သိရသည်။

ထို့ကြောင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကဒုံကနိ ကြိုးဝိုင်း အတွင်း ဒီရေတော ဧက ၃၀၀၀ ခန့်ကို စိုက်ပျိုးပြုစု ပျိုးထောင် သွားမည် ဖြစ်ပြီး ၄င်း ဧရိယာ အတွင်းတွင် မုန်တိုင်းဒဏ် ကာကွယ်သည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ များကိုပါ တည်ဆောက် ပေးသွားမည် ဖြစ်သည်ဟု သိရှိရသည်။ (ကျော်လွင်)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger