www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, May 3, 2014

မူးယစ်ဆေးဝါး ပိတ်ဆို့ရှာဖွေရေး ဆောင်ရွက်စဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး လက်နက်ခဲယမ်း ၊ မူးယစ်ဆေးဝါး နှင့် ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိ တရားခံများအား လက်နက်ခဲယမ်း များ ၊ ယူနီဖောင်း တို့နှင့် တွေ့ရစဉ်

သေနတ်သမား တစ်ဦး၏ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့ရသော ရဲတပ်ကြပ် မျိုးပိုင် အား တွေ့ရစဉ်

မူဆယ် ၊ ၃-၅-၂၀၁၄

http://myawady-myawady.blogspot.com/2014/05/blog-post_1.html

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ် ၊ နမ့်အွမ်ကျေးရွာ ရွာလယ်ဈေး အနီးတွင် ဧပြီလ ၂၉ ရက် နေ့လယ် ၁၁ နာရီ ခန့်တွင် မူးယစ်ဆေးဝါး နှင့် လက်နက်ခဲ့ယမ်း များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၂) မူဆယ်မှ ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီး အဖွဲ့သည် မူဆယ်မြို့နယ် ၊ နမ့်အွမ် နှင့် တီးမရွာ သွားကားလမ်း နမ့်အွမ်ရွာ ရွာလယ်ဈေး အနီးတွင် ရှောင်တခင် ပိတ်ဆို့ ရှာဖွေနေစဉ် တီးမရွာ မှ နမ့်အွမ်ရွာ သို့ ယာဉ်မောင်း စိုင်းပူးဝါ ၅၂ နှစ် (ဘ) ဦးခေးဆိုင် ( က-၇၈ ၊ ကောင်းနောင် ရပ်ကွက် ၊ မူဆယ်မြို့နယ် နေသူ ) မောင်းနှင်ပြီး အိုက်ထွန်း ၄၂ နှစ် (ဘ) ဦးဂွမ်ဆွမ်း ( ဟန်ကိုင်းရွာ ၊ ကွတ်ခိုင်မြို့နယ် နေသူ ) နှင့် အမည်မသိ အမျိုးသား တစ်ဦးတို့ လိုက်ပါလာသည့် ပါဂျဲရိုးယာဉ် ကို ရပ်တန့် ရှာဖွေ စစ်ဆေးရာ အဆိုပါ အမည်မသိ စိစစ်ဆဲသူ မှာ ယာဉ်ပေါ်မှ ဆင်းလာပြီး လွယ်အိတ် အတွင်းမှ သေနတ်အား ထုတ်၍ ပစ်ခတ်မည် ပြုစဉ် ရဲတပ်ကြပ် မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင် တို့မှ လုံးထွေးဖမ်းဆီး ရာ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် မျိုးပိုင် သည် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ တစ်ချက် ရရှိ၍ မူဆယ်မြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ကုသစဉ် မွန်းတည့် ၁၂ နာရီခန့်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်အား ဆက်လက် ရှာဖွေရာ ယာဉ်နောက်ခန်း တူးဘောက် အတွင်းမှ ဘိန်းဆီခဲ ၂၅၆ ဒသမ ၃ ဂရမ် ၊ M-22 မောင်းပြန် ရိုင်ဖယ် ၂ လက် ၊ ၄င်းကျည် ၁၅၅ တောင့် ၊ ကျည်အိမ် ၆ ခု ၊ ဆလင်ဒါပုံ တိုက်မိုင်း တစ်လုံး ၊ SSA တပ်မဟာ(၁) နှင့် ကျားခေါင်း လက်မောင်းတံဆိပ် တစ်ဖက်စီပါ ယူနီဖောင်း တစ်စုံ ၊ အီကွေ့မင့် ၂ ခု ၊ စစ်စိမ်းရောင် ချိတ်ခါးပတ် တစ်ချောင်း တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

၎င်း ဖမ်းဆီးရမိ တရားခံ များအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger