www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 14, 2014

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်းပါး နှင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပမည်


နေပြည်တော် ၊ ၁၄-၅-၂၀၁၄

၂၀၁၄ ခုနှစ် ဇွန်လ ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါး နှင့် စာစီစာကုံး ပြိုင်ပွဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီးဌာန က နေပြည်တော် တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲဝင် လိုသူများ အနေဖြင့် ယခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော " Raise Your Voice, Not the Sea Level " " ပင်လယ်မျက်နှာပြင် မြင့်တက်လာမှု တားဆီးဖို့ ၊ လှုပ်ရှားမှု အသံတွေ မြှင့်တင်ကြစို့ " ခေါင်းစဉ်ဖြင့် ဆောင်းပါးများကို A4 စာရွက်ဖြင့် အနည်းဆုံး ၁၀ မျက်နှာမှ အများဆုံး ၁၅ မျက်နှာ အထိ ၊ စာစီစာကုန်း များကို A4 စာမျက်နှာ အနည်းဆုံး ၅ မျက်နှာမှ အများဆုံး ၇ မျက်နှာအထိ ကွန်ပျူတာ စာလုံး Win Innwa သို့မဟုတ် Myanmar Unicode ( Myanmar 2 ) စာလုံး အရွယ်အစား ၁၈ ၊ ကွန်ပျူတာ စာလုံး Myanmar Unicode ( Myanmar 3 ) စာလုံး အရွယ်အစား ၁၄ ၊ စာကြောင်း အကွာအဝေး ၁ ဒသမ ၅ ဖြင့် ကွန်ပျူတာ စာစီ ရေးသား ပေးပို့ရမည် ဖြစ်သည်။

ပေးပို့ရာတွင် လည်း စာမူ ( Hard Copy ) တစ်စုံ နှင့် CD ဖြင့် ( Soft Copy ) တစ်စုံ ၊ ပြိုင်ပွဲဝင်သူ၏ အမည် ၊ မှတ်ပုံတင် ၊ ဆက်သွယ်ရန် လိပ်စာ တို့ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ရုံးအမှတ်(၅၃) ၊ နေပြည်တော် ၊ ဖုန်း ၀၆၇- ၄၃၁ ၃၂၅ ၊ ၀၆၇- ၄၃၁ ၃၂၁ ၊ ၀၆၇- ၄၃၁ ၃၁၈ ၊ အီးမေးလ် env.myan@mptmail.net.mm သို့ မေလ ၂၃ ရက် နောက်ဆုံးထား ပေးပို့ ရမည် ဖြစ်ကြောင်း သိရှိရသည်။ 
(တင့်တယ်)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger