www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 6, 2014

လူ့စွမ်းအား အရင်းအမြစ် အင်အားသစ်


လူ့စွမ်းအား အရင်းအမြစ် အင်အားသစ်

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်သစ် ကို ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ တည်ဆောက် ဖော်ဆောင် ရာတွင် စည်းကမ်းရှိမှု ၊ တာဝန်သိမှု ၊ တာဝန်ယူမှု ၊ တရား ဥပဒေ လေးစား လိုက်နာမှု များသည် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက်များ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ စာရင်းဇယား များအရ အသက် ၁၅ နှစ် မှ ၂၉ နှစ်အရွယ် လူငယ်ပေါင်း ၁၆ သန်းခန့်ရှိပြီး ထို လူငယ်များသည် နိုင်ငံ၏ အဖိုးတန်သည့် လူ့စွမ်းအား အရင်းအမြစ် လည်း ဖြစ်သည်။ နိုင်ငံတော်၏ အနာဂတ် အတွက် အားထားရမည့် အင်အားစု များလည်း ဖြစ်သည်။

ထို့ကြောင့် ထို လူငယ် အင်အားစုများကို အရေအတွက် မှ အရည်အချင်း သို့ ဟူသည့် စွမ်းရည်မြှင့်တင် မှုများ ၊ လမ်းမှန်ရောက်ရန် ပို့ဆောင်မှုများ ပြုလုပ်ပေး နိုင်ပါက နိုင်ငံတော်၏ ရည်မှန်းချက် ဖြစ်သည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရေး အတွက် အင်အားတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ လူငယ်များသည် အနာဂတ်တွင် တိုင်းပြည်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရား စီရင်ရေး ကဏ္ဍများတွင် တာဝန်ယူ ရမည့်သူများ ဖြစ်ရာ ကာယဗလ ၊ ဉာဏဗလ ၊ စရိတ္တဗလ ၊ မိတ္တဗလ နှင့် ဘောဂဗလ တို့နှင့် ပြည့်စုံစေရန် လေ့ကျင့် ဖြည့်ဆည်း ပေးသွားရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် နှင့် တပ်မတော် က လူငယ်များအား ဉာဏ်ရည် မြင့်မားရုံ သာမက မိမိကိုယ်ကို ယုံကြည် အားကိုးသည့် စိတ်ဓာတ်များဖြင့် အများအကျိုးကို သယ်ပိုး ဆောင်ရွက် လိုသူများ အချင်းချင်း ချစ်ကြည် ရင်းနှီးစွာ နေထိုင်တတ် သူများ ၊ ဦးဆောင်မှု ပေးနိုင်သူများ အမိန့်နာခံ တတ်သူများ ၊ ပြုမူပြောဆို ကြံစည်မှု တို့တွင် စံနမူနာပြ ဖြစ်သူများ ဖြစ်ပေါ် လာစေရန် အရည်အချင်း ၊ အရည်အသွေး မြှင့်တင်ရေး တို့ ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ထူးချွန် လူငယ် ၊ ထူးချွန် ကြက်ခြေနီ လူငယ်များကို ရွေးချယ် လေ့ကျင့်ပေးလျက် ရှိသကဲ့သို့ နိုင်ငံရေး ၊ စစ်ရေး ၊ မစွက်ဖက်သော မွန်မြတ်သည့် လူမှုရေး လုပ်ငန်း သက်သက်ဖြစ်ပြီး တာဝန်သိသော နိုင်ငံသားများ လေ့ကျင့် မွေးထုတ် ပေးသည့် သမိုင်း အစဉ်အလာ ရှိသည့် ကင်းထောက် အဖွဲ့ကြီးကို ဖွဲ့စည်း၍ ကင်းထောက် သင်တန်းများကို ဖွင့်လှစ် ပေးလျက် ရှိသည်။

ယခုအခါ နိုင်ငံတော်၏ ပြုစုပျိုးထောင် မှုဖြင့် ဘက်စုံ ပညာထူးချွန် ၊ ထူးချွန် ကြက်ခြေနီ နှင့် ကင်းထောက် လူငယ်များသည် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်လျက် နိုင်ငံတော်သစ် တည်ဆောက်ရေး လေ့လာလျက် ရှိသည်။ တစ်ချိန်သော ကာလတွင် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး ၊ ကမ္ဘာ နှင့် ရင်ပေါင်တန်း နိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ဖော်ဆောင်မည့် အဖိုးထိုက်တန် သည့် လူ့စွမ်းအား အရင်းအမြစ် များအဖြစ် အနာဂတ် နိုင်ငံတော် အတွက် အင်အားသစ် တစ်ခု ဖြစ်ပေါ် လာမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger