www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 8, 2014

ကမ္ဘာ့ကြက်ခြေနီနေ့ ကို ဂုဏ်ပြုပါ၏



ကမ္ဘာ့ကြက်ခြေနီနေ့ ကို ဂုဏ်ပြုပါ၏

၂၀၁၄ ခုနှစ် မေလ ၈ ရက်သည် ကမ္ဘာ့ ကြက်ခြေနီနေ့ ဖြစ်သည်။ ကမ္ဘာ့ ကြက်ခြေနီနေ့ အား ၁၈၂၈ ခုနှစ် မေလ ၈ ရက်တွင် ဖွားမြင်သူ ဟင်နရီဒူးနန့် ကို ဂုဏ်ပြုသော အားဖြင့် မေလ ၈ ရက်ကို ကမ္ဘာ့ ကြက်ခြေနီနေ့ အဖြစ် သတ်မှတ် ခဲ့သည်။ 

ရှေးဦး သူနာပြုစုနည်း ဖြင့် လူသားတို့၏ အသက် အန္တရာယ် ကို ကာကွယ် စောင့်ရှောက်ရေး ဟူသော အဓိက ရည်မှန်းချက်ဖြင့် ဖော်ဆောင်လျက် ရှိသည့် ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့အစည်း ၏ လုပ်ငန်းရပ် များက လွန်စွာမှပင် မွန်မြတ် လှပေသည်။

ထိုသို့ လူမှု အကျိုးပြု လုပ်ငန်းရပ်များ တွင် ပါဝင် ဆောင်ရွက် နေသူတို့ ကလည်း အခကြေးငွေ မယူသည့် စေတနာ့ ၀န်ထမ်းများသာ ဖြစ်ပေသည်။ လူမျိုးရေး ခွဲခြားမှု မရှိဘဲ ကြားနေ အဖွဲ့အစည်း အဖြစ် လွတ်လပ်၍ တက်ကြွစွာ ဆောင်ရွက် နေသော ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့ကြီးကား ယနေ့ အချိန်တွင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှ စေတနာ့ ၀န်ထမ်း ၉၇ သန်းကျော်ဖြင့် လူမှုရေး အကျိုးပြု လုပ်ငန်းရပ် များကို ဆောင်ရွက်လျက် ရှိပေသည်။

ထိုသို့ ထူးမြတ်သည့် လုပ်ငန်းရပ် များဖြင့် ပြည်သူလူထု ၏ အကျိုးကို ရှေးရှု ဖော်ဆောင်ခဲ့သော ကြက်ခြေနီ အဖွဲ့အစည်း ကို မြန်မာနိုင်ငံ၌ ၁၉၂၀ ပြည့်နှစ်တွင် စတင် ဖွဲ့စည်း ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသည် အိန္ဒိယ ကြက်ခြေနီ အသင်း၏ အဖွဲ့ခွဲ တစ်ခုသာ ဖြစ်ခဲ့ပေသည်။

ယင်းနောက် ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအဖြစ် တရားဝင် ရပ်တည် နိုင်ခဲ့ပေသည်။ ၁၉၃၉ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ( ICRC ) မှ အသိအမှတ်ပြု အမျိုးသားရေး အဖွဲ့အစည်း တစ်ခု ဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၄၆ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ( IFRC ) နှင့် လခြမ်းနီ အဖွဲ့အစည်း ( RIS ) အသင်းဝင် နိုင်ငံအဖြစ် ၀င်ရောက်ခွင့် ရရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ( MRCS ) အဖြစ် အမည် ပြောင်းလဲ သတ်မှတ် ခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီးသည် အစဉ်အလာ ကောင်းများဖြင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းရပ်များ ကို နှစ်ပေါင်းများစွာ ကြာအောင် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ ပေသည်။ ထိုသို့ ဆောင်ရွက် ရာတွင်လည်း ပြည်သူတို့၏ ကျန်းမာရေး ကဏ္ဍ မြှင့်တင်ရေး ၊ ရောဂါဘယ ကြိုတင် ကာကွယ် တားဆီးရေး နှင့် သဘာဝ ဘေးဒုက္ခများ တွင် ကူညီ ဆောင်ရွက် ပေးရေး ဟူသော လုပ်ငန်းကြီး သုံးရပ်ဖြင့် ဖော်ဆောင် ပေးနေသည့် မွန်မြတ်သော ပရဟိတ အသင်းကြီး ဖြစ်ပေသည်။

ထို့ကြောင့် ရှေးဦး သူနာပြုစုနည်း ဖြင့် လူသားတို့၏ အသက် အန္တရာယ် ကို ကာကွယ် စောင့်ရှောက်ရေး ၊ လူမှု ဂရုဏာ စာနာရေး ၀ိုင်းဝန်း လက်တွဲ ဖော်ဆောင်ပေး ဆောင်ပုဒ်များနှင့် အညီ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းကြီး ၏ လူမှု အကျိုးပြု လုပ်ငန်းစဉ် ဆောင်ရွက်မှုများ ဆထက် ထမ်းပိုး ဆောင်ရွက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း မေလ ၈ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ ကြက်ခြေနီနေ့ ကို ကြိုဆို ဂုဏ်ပြု လိုက်ရပေသည်။

စာတည်းမှူးချုပ်
မြ၀တီရသစုံမဂ္ဂဇင်း

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger