www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 11, 2014

ဧရာဝတီဘဏ်မှ ထုတ်လုပ် ဖြန့်ချိလိုက်သော Visa ကတ်များကို နိုင်ငံပေါင်း ၂၀၀ ကျော်တွင် အသုံးပြုနိုင်မည်


ရန်ကုန် ၊ ၁၁-၄-၂၀၁၄

ဧပြီလဆန်းပိုင်း မှ စတင်ကာ ဧရာဝတီဘဏ် က ထုတ်လုပ် ဖြန့်ချိလိုက်သော Visa ကတ်များကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ATM စက်များတွင် နိုင်ငံတကာ ငွေကြေး သုံးမျိုးဖြစ်သည့် အမေရိကန် ဒေါ်လာ ၊ ဥရောပ ယူရို နှင့် စင်ကာပူ ဒေါ်လာ စသည်တို့ကို ထုတ်ယူရာ၌ အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက် နိုင်စေရန် Visa ကုမ္ပဏီ နှင့် ဧရာဝတီဘဏ် တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ပြီး အဆိုပါ ကတ်ဖြင့် နိုင်ငံပေါင်း များစွာရှိ ATM စက်များတွင် ငွေထုတ်ယူ နိုင်ခြင်း ၊ Visa ကတ် လက်ခံ သုံးစွဲနိုင်သည့် အွန်လိုင်း ၀က်ဘက်ဆိုက် များ ၊ ဈေးဝယ်စင်တာ များ ၊ ဟိုတယ်များ နှင့် စားသောက်ဆိုင် များတွင် ငွေပေးချေရန် အတွက် အသုံးပြု နိုင်ခြင်း စသည်တို့ကို လုပ်ဆောင် နိုင်မည် ဖြစ်သည်။ ယင်း ကတ်များကို ထုတ်လုပ်ရာတွင် ကုမ္ပဏီသုံး ကတ်နှင့် တစ်ဦးချင်းသုံး ကတ်ဟူ၍ ခွဲခြား ထုတ်လုပ် ထားကြောင်း ဧရာဝတီဘဏ် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ယခု နိုင်ငံတကာသုံး Visa ကတ်များကို ပြည်တွင်း၌ ထုတ်လုပ် ဖြန့်ချိ နိုင်ခဲ့သော ဧရာဝတီဘဏ် ကို ၂၀၁၀ ပြည့်နှစ်က စတင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ ဘဏ်ခွဲပေါင်း ၆၀ ကျော်ကို တစ်နိုင်ငံလုံး အနှံ့တွင် ဖွင့်လှစ် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။ 

( ဆောင်းဦး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger