www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 10, 2014

၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက် ကောက်ယူ အိမ်ထောင်စု ၁၀ သန်းကျော် ကောက်ယူပြီးစီးခဲ့ပြီဖြစ်


နေပြည်တော် ၊ ၁၀-၄-၂၀၁၄

မတ်လ ၃၀ ရက်မှ စတင်၍ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဧပြီလ ၈ ရက်အထိ အိမ်ထောင်စု ၁၀၀၇၈၈၅၅ စု ကို ကောက်ယူ ပြီးစီး ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ကောက်ယူပြီးစီးမှုမှာ -

ကချင်ပြည်နယ် = ၂၃၁၃၃၃ စု
ကယားပြည်နယ် = ၅၁၁၄၇ စု
ကရင်ပြည်နယ် = ၂၈၄၀၂၉ စု
ချင်းပြည်နယ် = ၇၅၅၁၅ စု
စစ်ကိုင်းတိုင်း ဒေသကြီး = ၁၀၄၃၆၆၀ စု
တနင်္သာရီတိုင်း ဒေသကြီး = ၂၆၆၄၉၈ စု
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) = ၆၀၇၉၅၈ စု
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) = ၄၇၉၃၀၉ စု
မကွေးတိုင်းဒေသကြီး = ၈၅၉၀၀၆ စု
မန္တလေးတိုင်း ဒေသကြီး = ၁၂၃၈၅၂၄ စု
မွန်ပြည်နယ် = ၃၉၈၂၄၂ စု
ရခိုင်ပြည်နယ် = ၄၃၉၃၅၉ စု
ရန်ကုန်တိုင်းဒေသကြီး = ၁၅၃၆၁၇၆ စု
ရှမ်းပြည်နယ် (အရှေ့ပိုင်း) = ၁၁၀၂၇၆ စု
ရှမ်းပြည်နယ် (တောင်းပိုင်း) = ၄၇၂၀၁၈ စု
ရှမ်းပြည်နယ် (မြောက်ပိုင်း) = ၃၆၁၈၀၀ စု
ဧရာဝတီတိုင်းဒေသကြီး = ၁၃၇၅၈၉၁ စု
နေပြည်တော်ကောင်စီ = ၂၄၈၁၁၄ စု တို့ ဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင်တွင် KIA လက်နက်ကိုင် တပ်ဖွဲ့ဝင် များ၏ တားမြစ်မှုကြောင့် သန်းခေါင်စာရင်း မကောက်ယူ နိုင်ခဲ့သည့် ကျေးရွာ ၅၄ ရွာ၌ တပ်မတော် ၏ လုံခြုံရေး အစောင့်အရှောက် ဖြင့် ဧပြီလ ၂ ရက်မှ ၉ ရက်အထိ ကျေးရွာ ၄၆ ရွာတွင် ကောက်ယူ ပြီးစီးခဲ့ သဖြင့် ကျန် ၈ ရွာအား ဆက်လက် ကောက်ယူ သွားမည် ဖြစ်ကြောင်း ၊ နိုင်ငံတစ်ဝန်း တွင် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများကို ယမန်နေ့အထိ တည်ငြိမ် အေးချမ်းစွာ ဆောင်ရွက်လျက် ရှိပြီး ကျန်ရှိရက် အတွင်း စာရင်း မကောက်ခံ ရသေးသူများ မကျန်ရှိ စေရေး တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် လှည့်လည် လှုံ့ဆော်မှုများ ဆောင်ရွက်လျက် ရှိကြောင်း ဖြင့် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger