www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 10, 2014

ဟိုတုန်းက သင်္ကြန်


ဟိုတုန်းက သင်္ကြန်

မီးငှက် (မန္တလေး)

အတိတ်ဆိုတာ စိတ်အနာ ရှိရင် မေ့ထားတာ အကောင်းဆုံးပါ။ ဒါပေမဲ့ သတိရစရာ တွေရှိလို့ တစ်ချိန်က မန္တလေး သင်္ကြန်ရဲ့ တစိတ် တစ်ပိုင်းကို ဆွဲထုတ် လိုက်ပါတယ်။ အကြိုနေ့မှာ သင်္ကြန်ကားများ ဘေးအန္တရာယ် ကင်းစေကြောင်း ဘုရားကြီး ကို ဦးတိုက်ကြ ပါတယ်။ သင်္ကြန် အကြိုနေ့မှာ ရေပက်လေ့ မရှိပါဘူး။ ရပ်ကွက်တိုင်း လိုလို ရေပက်မဏ္ဍပ် များတယ်။ ညတွင် အကမဏ္ဍပ် များလဲ ရှိပါတယ်။ နဂါးဒေါ်ဦး တိုက်ရှေ့ က ရေနန်းသူဇာ မဏ္ဍပ်မှာ လွန်စွာ လှပ၍ သင်္ကြန်ယိမ်း များမှာလဲ အလွန် ကြည့်ကောင်း ပါတယ်။ အဲဒီတုန်းက သံချပ်များ တလှည့် မဏ္ဍပ်ပေါ်မှ အကများ တလှည့် ဖျော်ဖြေလေ့ ရှိပါတယ်။ ကားတွေလဲ နေ့၊ ည စနစ်တကျနဲ့ မဏ္ဍပ်တိုင်း ရှေ့မှာ သတ်မှတ်ချိန် နဲ့ ရပ်ခွင့် ရပါတယ်။

ကိုဝင်းဦး ကို သင်္ကြန်နေ့ တစ်ရက်ရက် တော့ အမြဲတမ်း တွေ့ဖြစ် ပါတယ်။ အလွန် သဘောကောင်း ပါတယ်။ တိုက်သမျှလဲေ သာက်ရ ရှာတယ်။ သင်္ကြန်ရက် တချို့ညပိုင်း (သို့မဟုတ်) ညနေပိုင်း တွေမှာ လေနဲ့အတူ မိုးရွာလေ့ ရှိပါတယ်။ ကိုဇော်ဝမ်း က ဆောက်လုပ်ရေး မဏ္ဍပ်မှာ သင်္ကြန်မိုး သီချင်း ဆိုခိုက် မိုးတွေရွာ ချတာလဲ ပျော်စရာ နေ့အဖြစ် မှတ်မှတ်ရရ ရှိနေပါတယ်။ ရေကစား ရာမှာလဲ ယဉ်ကျေးစွာ နဲ့ နှမချင်း ကိုယ်ချင်းစာ၍ ဆော့ကစား နောက်ပြောင် ကျီစယ်ကြ ပါတယ်။ သစ္စာ မပျက်သေးသော ပိတောက်ပွင့် ရက်တွေကို နှောင်းသင်္ကြန် တွေမှာ တွေ့နိုင် ပါတယ်။ အိမ်ရဲ့ ခေါင်းရင်း မှာ ပိတောက်ပင်ကြီး တစ်ပင်ရှိ ပါတယ်။ ညဦးပိုင်း ကတည်းက ပွင့်ဖတ်တွေ သင်္ကြန် ပျော်ဖို့ ပြူတစ် ပြူတစ် ဖြစ်နေပြီး သေချာတာက မနက်စောစော သင်္ကြန်ရက် အိပ်ရာနိုး တာနဲ့ တစ်ဝင်းလုံး ပိတောက် ပန်းနံ့တွေနဲ့ သင်းပျံ့ နေပါတယ်။ ဒါပေမဲ့ အပင် အထက်မှာ ကြာကြာ မစံရ မကြာမီ မြေပြင် ပေါ်တွင် ဆေးဝါ ခြယ်သလို ဖြစ်ကုန် တော့ပါတယ်။ မြနန္ဒာ ရေညိုညို သန်းခိုက် ရွှေမန်း တောင်ရိပ်ခို ချင်ခို နိုင်ပါတယ်။

အိမ်တွေမှာ သင်္ကြန် ထမင်းလို့ တင်စားအပ်တဲ့ သရက်သီး ကုလားပဲ ဟင်းချို စသဖြင့် သင်္ကြန်ရက် တွေမှာ ဈေးဝယ် ခက်သည့် ကာလကို ထိုရက်ရှည်ခံ ဟင်းလျာတို့နဲ့ ဖြေရှင်း ရပါတယ်။ တရားစခန်း ဝင်သော အပျိုကြီး မဖြစ်တစ်ဖြစ် အပျိုလွန် တို့သည်လဲ အိနြေ္ဒ သိက္ခာ အပြည့် မခို့တရို့ ဟန်ဖြင့် ရေစိုမှာကို စိုးသလိုနဲ့ ရေအလောင်းခံ ချင်ပုံရ နေပါတယ်။ ရိုးသားမှု တို့ဖြင့် ဟိုတုန်းက မန်းသင်္ကြန် သည် တစ်နှစ် တစ်ခါ ဆိုသလို လွန်စွာ အဓိပ္ပာယ်ရှိ ပါတယ်။ ပျော်စရာ ကောင်းလှ ပါတယ်။ စတုဒိသာ ကျွေးတဲ့ မဏ္ဍပ်တွေမှာ အပျိုချော တွေကို ရေဆင်းလောင်း မိခင်၏ ပြန်ကျွေး သမျှ စားသောက် ရသည်မှာလဲ တမျိုး ထူးခြားတဲ့ ဓလေ့တစ်ရပ် ဖြစ်ပါတယ်။ တင့်တယ် လှပတဲ့ ကျုံးကြီးနဲ့ ပဏာရ လှတဲ့ ငွေငန်း အလှပြ ယာဉ်ကြီးကို သင်္ကြန် ပြီးသွားတဲ့ နောက်ရက် တွေထိ နှလုံးသားရဲ့ ပုံရိပ် အဖြစ် သင်္ကြန်ဒိုးသံ များသည်က ရက်များစွာ မပျက်မပြယ် သလို နှလုံးသား ထဲက သင်္ကြန်မယ် တို့ကိုလဲ----

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger