www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 10, 2014

အမေရိကန်နိုင်ငံ တွင် ကျင်းပမည့် အာရှနိုင်ငံများ ရှေးဟောင်းပန်းပုပြပွဲတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ပန်းပုရုပ်တုများ ပါဝင် ပြသမည်



ရန်ကုန် ၊ ၁၀-၄-၂၀၁၄

အမေရိကန် နိုင်ငံတွင် ကျင်းပမည့် အရှေ့တောင် အာရှ နိုင်ငံများ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပန်းပု အနုပညာ ပြပွဲတွင် မြန်မာ့ ပန်းပု အနုပညာ လက်ရာများ ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရှေ့တောင် အာရှ နိုင်ငံများ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပန်းပု အနုပညာ ပြပွဲကို အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ ရှိ မက်ထရိုပိုလီတန် ပြတိုက်၌ ဧပြီလ ဒုတိယပတ် အတွင်း ကျင်းပ သွားဖွယ် ရှိပြီး ယင်းပြပွဲကြီးတွင် ပါဝင်ပြသရန် မြန်မာနိုင်ငံ က မြန်မာ့ပန်းပု အနုပညာ လက်ရာ ပန်းပုရုပ်တု ၂၂ ခုကို အမေရိကန် ပြည်ထောင်စု သို့ ငှားရမ်းရန် သဘောတူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာ အစိုးရက မြန်မာ့ ပန်းပု အနုပညာ လက်ရာ ပန်းပုရုပ်တု ၂၂ ခုကို အမေရိကန် ပြည်ထောင်စု သို့ ငှားရမ်း ရာတွင် ကျောက်ဆစ် ရုပ်တု ၊ ကြေးသွန်း ပန်းပု ရုပ်တု နှင့် မြေအိုး မြေခွက် စသည့် ရှေးဟောင်း မြန်မာ့ ပန်းပု အနုပညာ လက်ရာ ၁၆၀ ကျော် ပါဝင်ကြောင်း လည်း သိရသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံ က မြန်မာ့ပန်းပု အနုပညာ လက်ရာ ပန်းပုရုပ်တု ၂၂ ခုကို အမေရိကန် ပြည်ထောင်စု သို့ ငှားရမ်း လိုက်ခြင်းမှာ ပထမဦးဆုံး အကြိမ် ငှားရမ်းခြင်း လည်း ဖြစ်ကြောင်း သိရသည်။

ယင်း ပြပွဲကြီးတွင် အရှေ့တောင် အာရှ နိုင်ငံများ အတွင်းမှ တခြား ပန်းပု အနုပညာ လက်ရှာများ အဖြစ် ကမ္ဘောဒီးယား ၊ မလေးရှား ၊ ထိုင်း ၊ ဗီယက်နမ် တို့အပြင် ဗြိတိန် ၊ ပြင်သစ် နှင့် အမေရိကန် ပြည်ထောင်စု တို့မှ ပန်းပု အနုပညာ လက်ရာ များလည်း ပါဝင်မည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ ရှိ မက်ထရိုပိုလီတန် ပြတိုက်သည် အရှေ့တောင် အာရှ နိုင်ငံများရှိ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ဆိုင်ရာ ရှေးဟောင်း ပန်းပုရုပ်တု များ နှင့် အမေရိကန် ပြည်ထောင်စု ရှိ လူသိနည်း နေသေးသည့် ရှေးဟောင်း ယဉ်ကျေးမှု အနုပညာ လက်ရာများကို ပြသနိုင်ရန် အတွက် ပြပွဲစီစဉ်ခြင်း လည်း ဖြစ်ပြီး ယင်းအတွက် မက်ထရိုမိုလီတန် ပြတိုက် အနေဖြင့် အချိန် ၅ နှစ်ကြာ ပြင်ဆင် ခဲ့ရကြောင်း သိရှိရသည်။ (၄၄၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger