www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 20, 2014

တပ်မတော်စစ်ကြောင်း များမှ မံစီမြို့နယ် ပန်ခန်းဒေသ နှင့် မိုးမောက်မြို့နယ် ဗန်းမော် - စိန်လုံ - လွယ်ဂျယ် ဆက်သွယ်ရေး လမ်းကြောင်းတို့အား ရှင်းလင်းထိန်းချုပ်




နေပြည်တော် ၊ ၂၀-၄-၂၀၁၄

ပန်ခမ်းနယ်မြေ နှင့် ပန်ခမ်းရွာ သည် ကချင်ပြည်နယ် မံစီမြို့နယ် အတွင်း၌ တည်ရှိသည်။ ယခင်က နိုင်ငံတော် အစိုးရ၏ တရားဝင် နယ်စပ်ဒေသ ကုန်သွယ်ရေး စခန်း ဖွင့်လှစ် ထားရှိပြီး တရုတ်နိုင်ငံ နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် နေရာ ဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေး စခန်း ဖြစ်သည့် အလျှောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် အကောက်ခွန် အဖွဲ့များ ၊ နယ်စပ် ကုန်သွယ်ရေး အဖွဲ့ဝင်များဖြင့် ကုန်စည် ကူးသန်းမှု များအား စစ်ဆေးခြင်း ၊ လူဝင် / လူထွက်များ စစ်ဆေးခြင်း များကို စနစ်တကျ ဆောင်ရွက် ခဲ့သော နိုင်ငံတော် အစိုးရ၏ တရား ဥပဒေ စိုးမိုးရေး သြဇာ အာဏာ သက်ရောက်သည့် နေရာ ဖြစ်ခဲ့သည်။

ယခင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာ ၀န်ထမ်းများ နေထိုင်ခဲ့သည့် အဆောက်အအုံ ဟောင်းအား တွေ့ရစဉ်


သို့သော်လည်း ၂၀၁၁ ခုနှစ် ဇွန်လတွင် KIA အဖွဲ့၏ လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ရာမှ အဆိုပါ ပန်ခမ်း နယ်စပ်ဂိတ် စခန်းသည် လုံခြုံ စိတ်ချရမှု မရှိတော့ သဖြင့် ၂၀၁၁ ဇွန်လ ၁၁ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လည်းကောင်း ၊ ၂၀၁၁ ခုနှစ် သြဂုတ်လ ၅ ရက်တွင် လူဝင်မှု ကြီးကြပ်ရေး နှင့် အကောက်ခွန် အဖွဲ့များ ၊ နယ်စပ် ကုန်သွယ်ရေး အဖွဲ့များမှ လည်းကောင်း အသီးသီး စွန့်လွှတ် ခဲ့ရသည်။ ထိုအချိန်မှ စ၍ ပန်ခမ်း နယ်မြေ တစ်လျှောက် ရှမ်းတိုင်းရင်းသား ကျေးရွာများ ဖြစ်သော နားလုံ ကျေးရွာ ၊ နောင်စွမ်း ကျေးရွာ ၊ နောင်မွန် ကျေးရွာ ၊ မန်အိတု ကျေးရွာ ၊ မိုင်အိုက်တိုက် ကျေးရွာ ၊ လွယ်လုံ ကျေးရွာ စသည့် ကျေးရွာများရှိ ဒေသခံ ရှမ်းတိုင်းရင်းသား တို့၏ ကိုးကွယ်ရာ ဖြစ်သော ကျားခေါင်း ဘုရား တောင်ကုန်းတွင် KIS တို့မှ တပ်စခန်း ပြုလုပ်၍ ၀င်ရောက် နေထိုင် ခဲ့ကြသဖြင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ စိတ်သောက ရောက်ရခြင်းများ အပြင်လက်နက် အားကိုးဖြင့် အနိုင်ကျင့်၍ ဆက်ကြေးကောက် ၊ လူသစ် စုဆောင်းခြင်း စသည့် ဆင်းရဲ ဒုက္ခ များကိုလည်း ခံစား ခဲ့ကြရသည်။

တပ်မတော် အနေဖြင့် နိုင်ငံတော် သမ္မတ ၏ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညွှန်ကြားချက် အတိုင်း KIA တို့နှင့် တစ်ဖက် နှင့် တစ်ဖက် ယုံကြည်မှု ရရှိစေရန် အတွက် မိမိကိုယ်ကို ခုခံ ကာကွယ်ရုံမှ အပ ပစ်ခတ် တိုက်ခိုက်ခြင်း ၊ တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ လုံးဝ မပြုလုပ်ဘဲ နယ်မြေအတွင်း လမ်းပန်း ဆက်သွယ်မှု လုံခြုံ ချောမွေ့ စေရေး နှင့် ကုန်စည် ကူးသန်းမှု လွယ်ကူ လျင်မြန်စေရေး အတွက် အထောက်အကူ ပြုသည့် အနေဖြင့် ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် လုံခြုံရေး ကိုသာ အဓိက ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ယခု ကာလသည် တစ်နိုင်ငံလုံး ဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရေး အတွက် ဆွေးနွေးပွဲ များ ပြုလုပ် နေစဉ်ကာလ ဖြစ်သဖြင့် ယခင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက် များအား အတိအကျ လိုက်နာလျက် ရှိသည့် အပြင် လက်ရှိ ဆွေးနွေးပွဲ သဘောတူညီ ချက်များကိုပါ ဂရုပြု ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်။

သို့သော်လည်း KIA တို့သည် နယ်မြေအတွင်း လမ်းကြောင်း တစ်လျှောက် တစ်ဖက်နိုင်ငံ ရှိ သစ်ကုန်သည် ပွဲစားများ နှင့် ဆက်စပ်ကာ သစ်မှောင်ခို လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် ခဲ့ကြသဖြင့် တပ်မတော် အနေဖြင့် ဖမ်းဆီး အရေးယူ ခြင်းများ ဆောင်ရွက် ခဲ့ရာတွင် မံစီ - မိုးမိတ် ဒေသ ၊ ဆင်ဘို - ဗန်းမော် ဒေသ ၊ ဆင်ဘို - မံပင်ဒေသ တို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်မှ ၂၀၁၄ ခုနှစ် မတ်လ ၂၇ ရက်အထိ ကျွန်းနှင့် တမလန်း အပါအ၀င် သစ်တန်ချိန် ပေါင်း ၅၀၈၇ တန် ၊ ယာဉ် / ယန္တရား ၁၂၀ စီး ၊ တရုတ်နိုင်ငံသား ၁၃ ဦး အပါအ၀င် တရားခံ ၅၃ ဦးတို့အား ဖမ်းဆီး ရမိခဲ့သည်။ သစ်မှောင်ခို သမားများအား လုံခြုံရေး အရ လိုက်ပါ အကာအကွယ် ပေးနေသည့် KIA အဖွဲ့နှင့် ၄ ကြိမ် ထိတွေ့မှုများ ဖြစ်ပွား ခဲ့ရသည်။

၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်တွင် မံဝိန်းကြီး နှင့် ကောင်းမှုယန် ဆက်သွယ်ေ၇း လမ်းကြောင်း တွင် ပုံမှန် တပ်လဲလှယ်ရေး တာဝန်ဖြင့် သွားလာနေစဉ် KIA အဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခဲ့ သဖြင့် တပ်မတော်မှ ဗိုလ်မှူး တစ်ဦး ကျဆုံး ခဲ့ရသည်။ သို့ဖြစ်၍ ၄င်းနယ်မြေ တစ်လျှောက်အား ထိရောက်စွာ စိုးမိုး နိုင်ရန်အတွက် နယ်မြေ ရှင်းလင်းရန် လိုအပ်လာခြင်း ၊ မိမိတို့၏ နိုင်ငံပိုင် သယံဇာတ များကို ထိန်းသိမ်းရန် လိုအပ်လာခြင်း ၊ နယ်မြေ ဒေသရှိ ဒေသခံ တိုင်းရင်းသား များ၏ လူနေမှု ဘ၀ကို ကာကွယ် စောင့်ရှောက်ရန် လိုအပ်လာခြင်း တို့ကြောင့် ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် မိမိ တပ်မတော် စစ်ကြောင်းများဖြင့် ရှင်းလင်း ဆောင်ရွက် ခဲ့သည်။ နယ်မြေ ရှင်းလင်းသည့် တပ်များအား KIA အဖွဲ့များမှ စတင် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် တိုက်ပွဲတချို့ ဖြစ်ပွားပြီး ပန်ခမ်း နယ်မြေအား တပ်မတော် စစ်ကြောင်း များမှ ပြန်လည် ထိန်းသိမ်း နိုင်ခဲ့သည်။ နယ်မြေ ရှင်းလင်းစဉ် ကာလအတွင်း အရာရှိ တစ်ဦး နှင့် စစ်သည် နှစ်ဦး ကျဆုံးပြီး အရာရှိ တစ်ဦး နှင့် စစ်သည် ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။ KIA ဘက်မှ အလောင်း ၆ လောင်းနှင့် လက်နက် ၅ လက် သိမ်းဆည်း ရမိခဲ့သည်။ ပန်ခမ်း ကျေးရွာ အနီး KIA ၊ အူလံပါ ခရိုင်ရုံး ရှိ KIA မှ မီးရှို့ ဖျက်ဆီး ထားခဲ့သော အဝေးထိန်း မိုင်းများ ထုတ်လုပ်သည့် အဆောက်အဦ နှင့် ဆက်စပ် ပစ္စည်းများအား ရှင်းလင်း သိမ်းဆည်း ရမိခဲ့ပြီး ၄င်းနရာ အနီးရှိ KIA အချုပ်ခန်း အတွင်းတွင် KIA တပ်သားသစ် အတွက် သံခြေချင်းခတ် ဖမ်းဆီး ချုပ်နှောင် ထားသော နောင်ချို မြို့နယ် ဘာကွန် ကျေးရွာမှ ဓနု တိုင်းရင်းသား တစ်ဦးအား ပြန်လည် ကယ်တင် နိုင်ခဲ့သည်။

KIA မှ အတင်းအဓမ္မ လူသစ်စုဆောင်း၍ ခြေထောက်တွင် သံခြေချင်းခတ် ဖမ်းဆီးချုပ်နှောင်ထားသည့် မောင်အောင်နိုင်ဝင်း ၁၉ နှစ် (ဘ) ဦးကျော်ဝင်း ၊ ဓနု တိုင်းရင်းသား ၊ ဘာကွန်ကျေးရွာ ၊ နောင်ချိုမြို့နယ် နေသူအား တွေ့ရစဉ်

ထို့အပြင် ၂၀၁၄ ခုနှစ် ဧပြီလ ၁၃ ရက်တွင် မိုးမောက် မြို့နယ် ၊ ကျောက်စခန်း အနီး မိုင်တိုင် အမှတ်( ၁၂/၄) ၌ ပုံမှန် စစ်ဆင်ရေး တာဝန် လဲလှယ်သော တပ်မတော် စစ်ကြောင်း မှ မော်တော်ယာဉ် ၇ စီးသည် ဗန်းမော် မှ စိန်လုံဒေသ သို့ သွားရောက်စဉ် ယာဉ်တန်း အလယ်ရှိ မော်တော်ယာဉ် တစ်စီးအား KIA တပ်ဖွဲ့များမှ ဆွဲမိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်သဖြင့် စစ်သည် နှစ်ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ယာဉ်နှင့် ယာဉ်ပေါ်ရှိ လက်နက်မျိုးစုံ ၁၃ လက် ၊ ဆက်သွယ်ရေး စက်များ ၊ ခဲယမ်းများ နှင့် ဆက်စပ် ပစ္စည်းများ မီးလောင် ပျက်စီး ဆုံးရှုံး ခဲ့ရသည်။ ဗန်းမော် နှင့် စိန်လုံဒေသ ဆက်သွယ်ရေး လမ်းတစ်လျှောက် မိမိတပ်များ သွားလာ လှုပ်ရှားမှုကို နှောင့်ယှက် တိုက်ခိုက်လျက် ရှိသော KIA အဖွဲ့များ အခြေပြုရာ ပွိုင့် ၇၉၂ စခန်း ဒေသအခေါ် မိုင်ဆက်ကောင်း နှင့် ပွိုင့် ၄၀၆ စခန်း ဒေသအခေါ် ဒဂေါ် မကာဘွမ် တို့အား တပ်မတော် စစ်ကြောင်း များမှ ရှင်းလင်း ခဲ့ရသည်။ အဆိုပါ စခန်းများကို ရှင်းလင်းရာတွင် တပ်မတော် မှ စစ်သည် ၃ ဦး ကျဆုံးဆပြီး ၃ ဦး ဒဏ်ရာရ ခဲ့သည်။ KIA ဘက်မှ အလောင်း ၈ လောင်း နှင့် လက်နက်မျိုးစုံ ၅ လက် သိမ်းဆည်း ရမိခဲ့သည်။

အူလံပါစခန်း အတွင်း အဝေးထိန်းမိုင်းများ ထုတ်လုပ်သည့် နေရာအား KIA အဖွဲ့မှ မီးရှို့ဖျက်ဆီး ထားမှုအား တွေ့ရစဉ်


အူလံပါစခန်း အတွင်း အဝေးထိန်းမိုင်းများ ထုတ်လုပ်သည့် နေရာအား KIA အဖွဲ့မှ မီးရှို့ဖျက်ဆီး ထားမှုအား တွေ့ရစဉ်



မိမိနိုင်ငံ ပန်ခမ်း နယ်မြေအတွင်း ဖြစ်ပွား ခဲ့သော တိုက်ပွဲငယ် များသည် နယ်စပ်များမှ မီတာ ၄၀၀၀ အထက် ကွာဝေးသည့် နေရာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်စဉ် များကြောင့် နှစ်နိုင်ငံ သံတမန် ရေးရာ ကိစ္စရပ်များ ထိခိုက်မှု မရှိကြောင်း ၊ ထို့အပြင် မိမိတပ်များ အနေဖြင့် ပန်ခမ်း နယ်မြေအတွင်းရှိ ကျေးရွာများ နှင့် ဒုက္ခသည် စခန်းများသို့ ၀င်ရောက်ခြင်း မရှိသဖြင့် ကျေးရွာများ အတွင်း၌ တိုက်ပွဲ ဖြစ်ပွားခြင်းများ မရှိဘဲ ဒေသခံ အရပ်သား များ ထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ ယခုအခါ ပန်ခမ်း အပါအ၀င် ဒေသခံ ရှမ်းတိုင်းရင်းသား ကျေးရွာအားလုံး အေးချမ်း သာယာစွာဖြင့် ပြန်လည် တည်ရှိနေပြီ ဖြစ်သည်။ ဒေသခံ များအနေဖြင့် ၄င်းတို့ နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေး နှင့် ၄င်းတို့ နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများ ၀င်ရောက် လာခဲ့မှုအပေါ် အထူးပင် ၀မ်းသာ ကြည်နူး ပီတ ဖြစ်လျက် ရှိနေကြောင်း သိရှိရသည်။ အလားတူ ဗန်းမော် - စိန်လုံ - လွယ်ဂျယ် ကားလမ်း ၀ဲ/ ယာတစ်လျှောက် ဒေသခံ ပြည်သူများ အနေဖြင့် ဆက်သွယ်ရေး လမ်းကြောင်း ပေါ်တွင် လုံခြုံ စိတ်ချစွာဖြင့် သွားလာ နိုင်ပြီ ဖြစ်ကြောင်း နှင့် ဒေသခံ များ၏ ကုန်စည် ကူးသန်း ရောင်းဝယ်မှုများ ပုံမှန် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

ကျားခေါင်းဘုရား တောင်ကုန်းတွင် ဘာသာရေး ဆိုင်ရာပွဲများနှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ ဆောင်ရွက်နေမှု များအား တွေ့ရစဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger