www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 11, 2014

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းက ယူနစ်စကို ၏ ကမ္ဘာ့အမွေအနှစ်များကို ခြိမ်းခြောက်နေ


Statue of Liberty

ကမ္ဘာ့ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှု ကို မလျှော့ချ နိုင်လျှင် ထောင်စုနှစ် နှစ်ခုအတွင်း ယူနစ်စကို ကမ္ဘာ့ အမွေအနှစ် အချို့ကို ဆုံးရှုံး ရနိုင်ဖွယ် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ သုတေသန အဖွဲ့က Environmental Research Letters ဂျာနယ်တွင် ဖော်ပြ ခဲ့ကြောင်း သိရသည်။

Sydney Opera House

Tower of London

ပင်လယ်ရေအောက် ရောက်ရှိ သွားနိုင်သည့် ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ် များမှာ အမေရိကန် ပြည်ထောင်စု ၊ နယူးယောက်မြို့ ရှိ လွတ်လပ်ရေး ရုပ်တု နှင့် လွတ်လပ်ရေး ခန်းမ ၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ရှိ လန်ဒန်မျှော်စင် ၊ သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ ရှိ ဆစ်တနီ ကဇာတ်ရုံ တို့က ထိပ်ဆုံးမှ ပါဝင်နေပြီး လာမည့် နှစ်ပေါင်း ၂၀၀၀ အတွင်း ကမ္ဘာကြီး ပူနွေးလာမှု ဆက်လက် ဖြစ်ပွား နေပြီး အပူချိန် ၃ ဒီဂရီ စင်တီဂရိတ် ခန့် မြင့်တက် သွားကာ ရေခဲပြင် အရည်ပျော်မှု ကြောင့် ပင်လယ်ရေ မျက်နှာပြင် ဆက်လက် မြင့်တက် နေပါက နိုင်ငံ အရပ်ရပ် ရှိ ယူနစ်စကို မှတ်တမ်းဝင် အမွေအနှစ် အဆောက်အအုံ ၁၃၆ ခုထက် မနည်း ပျက်စီး သွားလိမ့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေ မျက်နှာပြင် ထက် အနည်းငယ် သာမြင့်သော ဘရပ် ၊ နေပါးလ်စ် ၊ ရီဂါ ၊ စိန့်ပီတာစဘတ် ၊ ဗီးနစ် ၊ ရော့ဘင်ကျွန်း နှင့် အက်ဘီမြို့ တို့သည်လည်း ပင်လယ် ရေအောက်သို့ ရောက်ရှိ သွားမည့် အန္တရာယ် နှင့် ကြုံတွေ့ ရနိုင်သည်။

" ကမ္ဘာကြီး ပူနွေး လာမှုကို လျှော့ချမယ် ဆိုရင်တောင် သမုဒ္ဒရာ ရေအပူချိန် ကို ချက်ချင်း လျှော့ချနိုင်မှာ မဟုတ်တဲ့ အတွက် နှစ်ပေါင်းများစွာ ရေခဲပြင် အရည်ပျော်ခြင်း က ဆက်လက် ဖြစ်ပျက် နေမှာပါ ၊ ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံး အတွက် နှစ်ပေါင်း ၂၀၀၀ ဆိုတာ ဘာမှ မကြာတဲ့ အခိုက်အတန့် ကာလပဲ ဖြစ်ပါတယ် ၊ ကမ္ဘာကြီး ပူနွေးလာမှု ကို အခုချက်ချင်း ရပ်တန့် နိုင်မယ် ဆိုရင်တောင် အချိန်မီမယ် ၊ မမီဘူး ဆိုတာကို ကျွန်တော်တို့ အတိအကျ မပြောနိုင် ပါဘူး ... " ဟု အဆိုပါ သုတေသန စာတမ်းကို ဦးဆောင် ရေးသားသူ အင်းစဘရတ် တက္ကသိုလ် မှ ပါမောက္ခ ဘင်းမားဇီးယွန် က ပြောပြသည်။

နောင်နှစ်ပေါင်း ၂၀၀၀ နောက်ပိုင်းတွင် ကမ္ဘာ့ လူဦးရေ ၏ ၇ ရာခိုင်နှုန်း သည် ပင်လယ် ရေမျက်နျာပ်ြင အောက် နိမ့်ကျသော ကုန်းတွင်းပိုင်း တွင် နေထိုင် သွားရမည် ဖြစ်ပြီး ၄င်းတို့အနက် ၆၀ ရာခိုင်နှုန်း မှာ တရုတ် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဗီယက်နမ် နှင့် အင်ဒိုနီးရှား နိုင်ငံတို့ ဖြစ်ကြောင်း သိရှိရသည်။ (TMK)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger