www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 5, 2014

တိုင်းရင်းမီဒီယာ ညီလာခံ မြန်မာတိုင်းရင်း မီဒီယာကွန်ယက် တည်ဆောက်ရေး အခမ်းအနား ကျင်းပ




တောင်ကြီး ၊ ၅-၃-၂ဝ၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ၌ ကျင်းပ ပြုလုပ်သည့် တိုင်းရင်း မီဒီယာ ညီလာခံ ၊ မြန်မာတိုင်းရင်း မီဒီယာ ကွန်ယက် တည်ဆောက်ရေး ဖွင့်ပွဲ အခမ်းအနားကို မတ် ၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်ရှိ ရှမ်းစာပေ နှင့် ယဉ်ကျေးမှု ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနား တွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အဖွင့် အမှာစကား ပြောကြားပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဖော်ဆောင် နေချိန်တွင် မြန်မာ့ မီဒီယာ ကိုလည်း ခေတ်စနစ်နှင့် လျော်ညီသော မီဒီယာ ဝန်းကျင် တစ်ခု ဖြစ်ပေါ် လာစေရန် အတွက် နိုင်ငံတော် အစိုးရက ဆောင်ရွက်လျှက် ရှိပြီး အခြေခံဥပဒေ နှင့်အညီ နိုင်ငံသား များ၏ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၊ ရေသား ဖြန့်ဝေခွင့် တို့အတွက် မီဒီယာ လွတ်လပ်ခွင့် ကို ဖော်ဆောင်သည့် အနေဖြင့် နှစ်ပေါင်း များစွာ ကျင့်သုံး ခဲ့သည့်  ဆင်ဆာ စနစ်ကို ၂ဝ၁၂ ခုနှစ် ၊ သြဂုတ်လမှ စတင်၍ ဖျက်သိမ်းခဲ့ပြီး နှစ်ပေါင်း (၅ဝ) ကျော်ထိ တိမ်မြုပ် ပျောက်ကွယ် သွားခဲ့သော ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့်ကို ၂ဝ၁၃ခုနှစ် ၊ အေပြီလမှ စတင်၍ ထုတ်ဝေ ခွင့်ပြု ခဲ့ကြောင်း၊ ယခု အချိန်တွင် ပုဂ္ဂလိက နေ့စဉ် သတင်းစာ (၁၈)စောင် နှင့် အပတ်စဉ်ထုတ် ဂျာနယ် (၃၉၈) စောင်တို့ကို ထုတ်ဝေလျှက် ရှိကြောင်း ၊ ခေတ်နှင့် မလျော်ညီ တော့သည့် မီဒီယာ ဥပဒေများ ကိုလည်း ဖျက်သိမ်းရန် နှင့် နိုင်ငံတစ်ကာ စံနှုန်းများနှင့် ညီညွတ်သည့် မီဒီယာ ဥပဒေသစ်များ ကို ပြဌာန်း နိုင်ရေးအတွက် လွှတ်တော်သို့ တင်ပြ ထားကြောင်း၊ တိုင်းရင်းသား လူမျိုးများ နေထိုင်ရာ နယ်စပ်ဒေသများ အပါအဝင် ကျေးလက်ဒေသ များသို့ မီဒီယာေ ရာက်ရှိ ပြန့်နှံ့မှု အားနည်း နေသည့်အတွက် မြို့ပြနှင့် ကျေးလက် ဒေသများ အသိပညာ ဗဟုသုတ ရှာမှီးနိုင်မှု အခွင့်အလမ်း ကွာခြားမှု ရှိကြောင်း ပြောကြား သွားသည်။

ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ပြည်နယ် ဝန်ကြီးများ ၊ ပြည်တွင်း ပြည်ပမှ ရုပ်သံ သတင်းမီဒီယာ များနှင့် တိုင်းရင်းသား မီဒီယာများ ၊ တိုင်းရင်း မီဒီယာ ညီလာခံ ကိုယ်စားလှယ်များ ၊ မြန်မာ တိုင်းရင်း မီဒီယာ ကွန်ယက် တည်ဆောက်ရေး ၊ ဖြစ်မြောက်ရေး အဖွဲ့ဝင်များ စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူး ခဲ့ကြောင်း သိရသည် ။ တိုင်းရင်း မီဒီယာ ညီလာခံ ကို မတ် ၄ ရက်မှ ၆ ရက်ထိ ခေါင်းစဉ်များ အလိုက် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger