www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 20, 2014

ဝမ်းပျက် ၀မ်းလျှောရောဂါ မဖြစ်စေရန်


ဝမ်းပျက် ၀မ်းလျှောရောဂါ မဖြစ်စေရန်

ယခုကဲ့သို့ ရာသီ အကူးအပြောင်း ပူပြင်းသော အချိန်အခါတွင် ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်စေတတ် သောကြောင့် ၀မ်းကို နူးစေသော အစားအစာ များကို ရှောင်ကြဉ် ကြရမည် ဖြစ်သည်။ ၀မ်းပျက် ၀မ်းလျှောရောဂါ သည် ကူးစက် ရောဂါ တစ်မျိုးဖြစ်ပြီး အဆိုပါ ရောဂါသည် အပူချိန် လွန်ကဲမှုကြောင့် အစာ အချဉ်ပေါက်ပြီး ဗက်တီးရီးယား များ ပေါက်ပွားရာမှ ဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ ဗက်တီးရီးယား များသည် ၀မ်းပျက် ၀မ်းလျှောရောဂါ အဖြစ် တစ်ဦးမှ တစ်ဦးသို့ ကူးစက် ပျံ့နှံ့စေသည်။ ရောဂါ ဖြစ်ပွားလျက် ရှိသော နေရာများမှ ယင်နားထားသော အစားအစာ များကို စားသောက် မိခြင်းဖြင့် ကူးစက် နိုင်သည်။

လူတို့ နေ့စဉ် စားသောက် ကြသော အစားအစာ များတွင် သန့်ရှင်း လတ်ဆတ်မှု မရှိသော အစားအစာများ ၊ အမှည့်လွန် သော သစ်သီးဝလံများ ၊ ဖုံးအုပ်မှု မရှိဘဲ ရောင်းချသော လမ်းဘေး ဈေးဆိုင် များမှ အစားအသောက် များကို စားသောက် မိပါက ၀မ်းပျက် ၀မ်းလျှောရောဂါ ကို ဖြစ်စေသည်။

ထို့ကြောင့် ယင်နားစာ များဖြစ်သော အသုပ်စုံ ၊ လက်လုပ်ချဉ်များ ၊ အချဉ်ရည်များ ၊ မလတ်ဆတ်သော အသီးနှင့် အသားများ ဖျော်ရည် များကို ရှောင်ကြဉ် သင့်သည်။ ၀မ်းပျက် ၀မ်းလျှောရောဂါ ဖြစ်နေစဉ် အပူအစပ် တို့ကို မစားသင့်ပါ။ ဆန်ပြုတ် သောက်ပေးခြင်း သာ အကောင်းဆုံး ဖြစ်သည်။

ရာသီဥတု ပြင်းလာချိန်တွင် စားသောက်ကုန် များ ရောင်းချလျက် ရှိသော ဈေးဆိုင်များ အနေဖြင့် လည်း အစားအသောက် ပစ္စည်းများ ယင်မနား စေရန် လုံခြုံ ကောင်းမွန်သော အဖုံးများ ၊ အုပ်ဆောင်းများ အုပ်၍ ရောင်းချ သင့်သည်။ သို့မှသာ ယင်နားခြင်း မှ ကာကွယ် ပေးနိုင်မည် ဖြစ်သည်။ ယခုအခါ လမ်းဘေး ဈေးဆိုင် များသည် များသော အားဖြင့် အဖုံးအကာ မရှိဘဲ ရောင်းချ နေကြခြင်းက များသည်။ အဆိုပါ ဈေးဆိုင် များတွင် စားသောက်ခြင်း မှ ရှောင်ကြဉ် ကြရမည် ဖြစ်သည်။

ဝမ်းပျက် ၀မ်းလျှောရောဂါ သည် များသော အားဖြင့် ကလေးများ နှင့် သက်ကြီး ရွယ်အို တို့တွင် ဖြစ်ပွားလေ့ ရှိသည်။ ၀မ်းပျက် ၀မ်းလျှော ဖြစ်နေသော ကလေးငယ် တစ်ဦးသည် ၀မ်းသွားမှု များပြီး အချိန်မီ ကုသမှု မရှိလျှင် အသက် အန္တရာယ် ဖြစ်နိုင်သည်။ အချိန်မီ ဆေးခန်း၌ သွားရောက် ကုသခြင်းသည် အကောင်းဆုံး ဖြစ်သည်။

သို့ဖြစ်ရာ ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ပွား စေရေး အတွက် ပြည်သူများက အန္တရာယ် မဖြစ်စေရန် အနေအထိုင် အစားအသောက် များကို သတိထား ဆင်ခြင် ကာကွယ် ရမည် ဖြစ်သကဲ့သို့ ဈေးရောင်း သူများကလည်း ယင်နားစာများ ရောင်းချမှု မပြုမိ စေရန် ဂရုပြု သင့်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger