www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 18, 2014

ခရမ်းလွန်ရောင်ခြည် သတိပြုဆင်ခြင်


ခရမ်းလွန်ရောင်ခြည် သတိပြုဆင်ခြင်

မြန်မာနိုင်ငံ၏ မြေမျက်နှာ သွင်ပြင်အရ ပူသော အပိုင်းသည် အေးသော အပိုင်းထက် များစွာ ကျယ်ပြန့် သောကြောင့် မြန်မာနိုင်ငံကို ယေဘုယျ အားဖြင့် ပူအိုက်သော နိုင်ငံ တစ်နိုင်ငံဟု ခေါ်ဆို နိုင်ပါသည်။

အမှန်တကယ် တွင် အပူအအေး အခြေအနေ သည် အီကွေတာ ဗဟို စက်ဝန်း အကွာအဝေး ပေါ်တွင် တည်မှီ နေသည် မဟုတ်ချေ။ သဘာဝ ပတ်ဝန်းကျင် နှင့် လေထုအပေါ် တွင် တည်မှီသော ကြောင့် သဘာဝ တောများ လျော့နည်းခြင်း နှင့် ဂေဟစနစ် ပျက်ယွင်းခြင်း တို့ကြောင့် အပူချိန် မြင့်တက် လာခြင်း ဖြစ်ပေသည်။

မန္တလေးမြို့ နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း၌ နွေလယ် ကာလများတွင် အပူချိန် ၁ဝဝ ဒီဂရီ ဖယ်ရင်ဟိုက် အထိရှိပြီး ရှေးယခင် ကာလများနှင့် မတူဘဲ နှစ်စဉ် အပူချိန် ပိုမို လွန်ကဲမှုကြောင့် လူတို့ အနေဖြင့် သတိပြု ဆင်ခြင် နေထိုင် သင့်လှ ပေသည်။

အပူချိန် လွန်ကဲကာလ များတွင် အထူး သတိပြု ရမည်မှာ နေရောင်ခြည် အပူရှိန်နှင့် အတူဖြစ် ပေါ်သည့် ခရမ်းလွန် ရောင်ခြည် လွန်ကဲနေမှု ကို သတိထား ရမည် ဖြစ်သည်။ ခရမ်းလွန် ရောင်ခြည် သည် လိုသည်ထက် ပိုများလာလျှင် လူတို့၏ ကျန်းမာရေးကို ထိခိုက် နိုင်သဖြင့် သတိပြု ဆင်ခြင် ရမည် ဖြစ်သည်။

ခရမ်းလွန် ရောင်ခြည်သည် လူတို့ကို အကျိုးပြု စေသည့် ဗီတာမင်ဒီ ဓာတ် ပါဝင် သော်လည်း အပူလွန်ကဲစွာ ဖြစ်ပေါ်သော အခါ အန္တရာယ်ကို ဖြစ်စေသည်။ အဓိက အားဖြင့် အရေပြား ကင်ဆာ ရောဂါကဲ့သို့ အရေပြား လောင်ခြင်း၊ အရေပြား ခြောက်သွေ့ အိုမင်း၍ အရွယ်ကျခြင်း၊ ချွေးထွက် လွန်း၍ အားအင် ကုန်ခန်းခြင်း၊ မျက်စိ တိမ်စွဲခြင်း၊ သားသမီး မရနိုင်ခြင်း တို့ ဖြစ်စေပြီး အထူးသဖြင့် သက်ကြီး ရွယ်အိုများ နှင့် သွေးတိုး၊ နှလုံးရောဂါ ရှိသူများ သတိထား ရမည် ဖြစ်သည်။

ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်ရန် အတွက် ထီး၊ ဦးထုပ် ဆောင်းခြင်း၊ နေ့လယ် ခင်းပိုင်းတွင် ရေမချိုးခြင်း၊ အရက်သေစာ မသောက်စားခြင်း၊ လက်ရှည် အင်္ကျီ ဝတ်ဆင်ခြင်း၊ နေကာမျက်မှန် တပ်ဆင်ခြင်း တို့ဖြစ်သည်။

ခရမ်းလွန် ရောင်ခြည် လွန်ကဲ လာခြင်းသည် သဘာဝ တောများ ပျက်စီးခြင်းနှင့် စက်မှု ထွန်းကား လာခြင်း တို့နှင့်အတူ ရုပ်ကြွင်း လောင်စာ သုံးစွဲမှု များပြားလာသောအခါ နေမှ ခရမ်းလွန် ရောင်ခြည် ကို စစ်ယူသည့် ကမ္ဘာ့ အကာအကွယ် အိုဇုန်းလွှာ ပေါက်လာ သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အပူရှိန် တစ်နေ့တခြား မြင့်မားလာသည့် အခြေအနေကို လူတိုင်းက ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်ကြ ရန်နှင့် လက်ရှိ ကြုံတွေ့ နေရမှုအတွက် သတိထား ဆင်ခြင် ရှောင်ကြဉ် ကြရန် လိုအပ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger