www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 18, 2014

သတင်းလွတ်လပ်ခွင့် အဆင့်တိုးတက်မှု နှင့်အတူ အနာဂတ်မီဒီယာ ပုံစံသည် လူမှုတာဝန်သိသော မီဒီယာ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်

နေပြည်တော် ၊ ၁၈-၂-၂၀၁၄

(၁၂) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး များ ကျင်းပရေး ဆိုင်ရာ ပထမအကြိမ် အကြို ညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲပိုင်း တွင် ပြန်ကြားရေး ၀န်ကြီးဌာန ၊ ၀န်ကြီးရုံး ၌ ကျင်းပ ခဲ့သည်။

အခမ်းအနား တွင် အစည်းအဝေး များ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် က မြန်မာနိုင်ငံ ၏ သတင်း လွတ်လပ်ခွင့် ပုံရိပ်သည် အာဆီယံ နိုင်ငံများ အတွင်း အလယ် အလတ် နှင့် အထက်အဆင့် ကို ရောက်ရှိ နေသည့် အချိန် ဖြစ်သည့် အတွက် ယခုကဲ့သို့ အချိန်မျိုး တွင် ASEAN Ministers Responsible for Information ( AMRI ) အစည်းအဝေး ကို လက်ခံ ကျင်းပ ဆောင်ရွက်ခွင့် ရသည့် အတွက် ဂုဏ်ယူ စရာ ကောင်းပါကြောင်း ၊ ဒီမိုကရေစီ ဖော်ဆောင် နေသည့် နိုင်ငံ တစ်နိုင်ငံတွင် သတင်း လွတ်လပ်ခွင့် အဆင့်အတန်း သည် ယင်းနိုင်ငံ ၏ အရေးကြီးသော ပုံရိပ် တစ်ခု ဖြစ်ပါကြောင်း ၊ သတင်း လွတ်လပ်ခွင့် အဆင့် တိုးတက်မှု နှင့်အတူ မိမိတို့ နိုင်ငံ၏ အနာဂတ် မီဒီယာ ပုံစံသည် AMRI ထုတ်ပြန် ကြေညာချက် ( ဂျကာတာ ) နှင့်အညီ လူမှု တာဝန်သိသော မီဒီယာ ဖြစ်လာ လိမ့်မည်ဟု လည်း မျှော်လင့် ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ထို့နောက် အစည်းအဝေး များ ကျင်းပရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ က အစည်းအဝေး များ ကျင်းပရေး ဆောင်ရွက် ထားရှိမှု များနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး တင်ပြ ခဲ့သည်။ ယင်းနောက် ဒုတိယ ၀န်ကြီး ဦးရဲထွဋ် နှင့် ဦးဇင်ယော် တို့က ကဏ္ဍအလိုက် ဆွေးနွေး တင်ပြ ကြသည်။

၁၉၇၈ ခုနှစ်တွင် အာဆီယံ ယဉ်ကျေးမှု နှင့် ပြန်ကြားရေး ဆိုင်ရာ ကော်မတီ ( ASEAN Committee for Culture and Information ) ( ASEANCOCI ) ကို ဖွဲ့စည်းခဲ့ပြီး COCI အောက်တွင် အာဆီယံ ပြန်ကြားရေး ၀န်ကြီးများ အစည်းအဝေး AMRI နှင့် အာဆီယံ ယဉ်ကျေးမှု ဆိုင်ရာ ၀န်ကြီးများ အစည်းအဝေး AMCA ဟူ၍ ပါဝင်သည်။ AMRI သည် အာဆီယံ ဒေသတွင်း သတင်း ပြန်ကြားရေး ဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် အဖွဲ့ဝင် နိုင်ငံများ အကြား အပြန်အလှန် နားလည်မှု နှင့် ယုံကြည်မှု တိုးပွား ခိုင်မာ လာစေရေး လုပ်ငန်းများကို အဓိက ဆောင်ရွက်သည်။

၁၉၈၉ ခုနှစ်တွင် ပထမအကြိမ် AMRI အစည်းအဝေး ကို အင်ဒိုနီးရှား နိုင်ငံတွင် စတင် ကျင်းပခဲ့သည်။ အစည်းအဝေး ကို နှစ်နှစ် တစ်ကြိမ် ကျင်းပခဲ့ကာ (၁၁)ကြိမ်မြောက် အစည်းအဝေး ကို မလေးရှား နိုင်ငံ၌ ၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေး ကို နေပြည်တော် ၌ ၂၀၁၄ ခုနှစ် ဇွန်လ ဒုတိယပတ် တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (သတင်းစဉ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

Follow on Twitter

Networkblog

FB Like page

Powered By Blogger