www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 17, 2014

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၁၇-၂-၂၀၁၄

ဧရာဝတီတိုင် ဒေသကြီး အတွင်း မြို့နယ်များ အတွင်း မြစ်ကမ်း တစ်လျှောက်နေ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက် ပေးလျက် ရှိသော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ပါဝင်သည့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် ( ရွှေပုဇွန် ) သည် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၄ နာရီက ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (သန်လျက်စွန်း) ၊ အမှတ်(၄) ရေတပ် ဗောတံတား သို့ ပြန်လည် ရောက်ရှိလာရာ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် အရာရှိ အရာခံ အကြပ် စစ်သည်များ ၊ မိသားစု များက ကြိုဆို ကြသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) အနေဖြင့် ဇန်န၀ါရီ ၁၂ ရက်မှ ဖေဖော်ဝါရီ ၁၅ ရက်အထိ ရက်ပေါင်း ၃၅ ရက်ကြာ ဧရာဝတီ မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောက်ရွက် ပေးခဲ့ရာတွင် အထွေထွေ ခွဲစိတ် ကုသမှု ၂၉၀ ဦး ၊ အကြော ခွဲစိတ်မှု ၁၇၉ ဦး ၊ မျက်စိ ခွဲစိတ်မှု ၁၇၂ ဦး ၊ သားဖွား မီးယပ် ခွဲစိတ်မှု ၁၄ ဦး ၊ နား နှာခေါင်း လည်ချောင်း ခွဲစိတ်မှု ၃ ဦး ၊ သွားနုတ် သွားဖာ ၂၁၈၀ ဦး ၊ ဓာတ်မှန်ဖြင့် ကုသမှု ၄၀၀ ဦး ၊ USG ( တယ်လီဗေးရှင်း ဓာတ်မှန် ) ဖြင့် ကုသမှု ၁၄၅၆ ဦး ၊ အထွေထွေ ရောဂါ ကုသမှုများ အပါအ၀င် စုစုပေါင်း လူနာ ၂၀၈၁၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger