www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 13, 2014

မြန်မာနိုင်ငံတွင် ACLEDA Bank မှ ဘဏ်ခွဲများ ထပ်မံတိုးချဲ့ ဖွင့်လှစ်မည်



ရန်ကုန် ၊ ၁၃-၂-၂၀၁၄

မြန်မာနိုင်ငံ တွင် ဘဏ်လုပ်ငန်း အဖြစ် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက် ရှိသော ကမ္ဘောဒီးယား နိုင်ငံမှ ပုဂ္ဂလိကဘဏ် လုပ်ငန်း တစ်ခု ဖြစ်သည့် ACLEDA Bank Plc သည် ယခုနှစ် အတွင်း၌ မြန်မာနိုင်ငံ တွင် ဖွင့်လှစ်သော ၄င်း၏ အသေးစား ချေးငွေ ဘဏ်ခွဲများ အရေအတွက် ၁၈ ခုအထိ ရှိလာစေရန် နောက်ထပ် ဘဏ်ခွဲများ ထပ်မံ တိုးချဲ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း နှင့် ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ သန်းခန့် အထိ ထုတ်ချေး သွားမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

ACLEDA Bank Plc သည် ကျေးလက် ဒေသများ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာစေရန် အတွက် စီးပွားရေး လုပ်ငန်းများ အပြင် အသေးစား ချေးငွေ လုပ်ငန်းများ ကိုပါ လုပ် ကိုင်လျက်ရှိသော ဘဏ်လုပ်ငန်း တစ်ခု ဖြစ်ပြီး အာဆီယံ ဒေသတွင်း၌ မြန်မာနိုင်ငံ နှင့် လာအိုနိုင်ငံ တို့တွင် ဦးစားပေး ရင်းနှီးမြှုပ်နှံ ကာ လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိရာ ၄င်း၏ ၂ဝ၁၄ ခုနှစ် အတွင်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ စီမံချက်အရ လာအို နိုင်ငံတွင် စီးပွားရေး ဘဏ်ခွဲ ၄၁ ခုအထိ ဖွင့်လှစ်ကာ မြန်မာနိုင်ငံ တွင် အသေးစား ချေးငွေ ဘဏ်ခွဲ ၁၈ ခုအထိ ဖွင့်လှစ် နိုင်ရန် တိုးချဲ့ လုပ်ကိုင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ACLEDA Bank Plc သည် မြန်မာနိုင်ငံ တွင် ၂ဝ၁၃ ခုနှစ်က စတင် ရင်းနှီးမြှုပ်နှံ ကာ ကနဦး မတည်ငွေ အမေရိကန် ဒေါ်လာ ၁ဝ သန်း နှင့် ချေးငွေ လုပ်ငန်းများကို အစပြု လုပ်ကိုင် ဆောင်ရွက် ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး နှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ အသေးစား ချေးငွေဘဏ် ခွဲခြောက်ခု အထိ ဖွင့်လှစ် ခဲ့ပြီး ဖြစ်ကြောင်း၊ စတင် ရင်းနှီးမြှုပ်နှံ သည့် ၂ဝ၁၃ ခုနှစ်မှာပင် ရည်မှန်း ထားခဲ့သော ချေးငွေ ပမာဏထက် ကျော်လွန်ကာ ဒေါ်လာ ၂ ဒသမ ၆ သန်းအထိ ထုတ်ချေး နိုင်ခဲ့သည့် အတွက် ယခုလို မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများ ထပ်မံ တိုးမြှင့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိ က ဆက်လက် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger