www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 18, 2014

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း Managing Defence in the Wider Security Context Course သင်တန်းဆင်းပွဲ တက်ရောက် အမှာစကား ပြောကြား


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း 
Managing Defence in the Wider Security Context Course 
သင်တန်းဆင်းပွဲတွင် အမှာစကား ပြောကြားစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့်
တာဝန်ရှိသူများ ၊ သင်တန်းသားများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၈-၁-၂၀၁၄

ဗြိတိန်နိုင်ငံ Defence Academy of the United Kingdom မှ လာရောက် ပို့ချသော Managing Defence in the Wider Security Context Course သင်တန်း ဆင်းပွဲ အခမ်းအနား ကို ဇမ္ဗူသီရိ မြို့နယ် ၊ ရွှေနန်းတော် ဟိုတယ် LAKE VIEW HALL ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီတွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနား သို့ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း ၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ၊ စစ်ဦးစီး အရာရှိချုပ် (ရေ) ဗိုလ်ချုပ် တင်အောင်စန်း ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်အေး ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.H Mr. Adnrew Patrick ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် စစ်သံမှူး ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယား နိုင်ငံ စစ်သံမှူး ၊ Course Director Colonel Maytyn William Forgrave ၊ သင်တန်း နည်းပြဆရာများ ၊ တပ်မတော် နှင့် ဌာနဆိုင်ရာ များမှ သင်တန်းသား အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း က သင်တန်းဆင်း အမှာစကား ပြောကြားပြီးနောက် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး ၊ Course Director Colonel Martyn William Forgrave နှင့် Academic Director Dr. Laura Richards Cleary တို့မှ အသီးသီး အမှာစကား ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး က သင်တန်းဆင်း လက်မှတ် များကို သင်တန်းသား တစ်ဦးချင်း စီအား ပေးအပ် ချီးမြှင့်ပြီး Course Director Colonel Martyn William Forgrave နှင့် Academic Director Dr. Laura Richards Cleary တို့က ဗိုလ်ချုပ်ကြီး လှဌေးဝင်း အား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ် ကြကာ အခမ်းအနား ကို ရုပ်သိမ်း လိုက်သည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် တက်ရောက် လာကြသည့် တာဝန်ရှိ သူများသည် သင်တန်းသား များနှင့်အတူ စုပေါင်း၍ မှတ်တမ်း ဓာတ်ပုံ ရိုက်ကူး ခဲ့ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger