www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 6, 2014

လူကုန်ကူးမှု ကင်းဝေးစေလို


လူကုန်ကူးမှု ကင်းဝေးစေလို

ယနေ့ ကမ္ဘာကြီးတွင် မူးယစ်ဆေးဝါး ကုန်ကူးခြင်း နှင့် လက်နက် မှောင်ခို ကူးခြင်း လုပ်ငန်းတို့ ပြီးလျှင် လူကုန်ကူးမှု လုပ်ငန်းသည် ဝင်ငွေ အများဆုံး လုပ်ငန်းဖြစ်ရာ လူကုန်ကူးမှု လုပ်ငန်းသည် တစ်နေ့တခြား ရှင်သန် ကြီးထွား လာလျက် ရှိသည်။

ယနေ့ခေတ်တွင် ပွဲစားများ ခေတ်စားလျက် ရှိရာ အိမ်ပွဲစား ၊ ခြံပွဲစား ၊ ကားပွဲစား ၊ လူမှောင်ခို ကူးသူ (သို့မဟုတ်) လူပွဲစားများ ဖြစ်ကြသည်။ လူမှောင်ခို ကူးသူများသည် မိမိ တစ်ဦးကောင်း တစ်ယောက် ကောင်း ရန်အတွက် သာကြည့်ပြီး ဘယ်သူ သေသေ ငတေမာ ပြီးရော ဆိုသည့် လူများပင် ဖြစ်သည်။

အဆိုးဆုံးမှာ ကျေးလက်ဒေသ တို့တွင် လူကုန်ကူးမှု ပြဿနာကြီး ထွားလာသည် နှင့်အမျှ မိန်းကလေး များကို ရောင်းကုန် အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာသို့ ပွဲစားများက ရောင်းဝယ် ဖောက်ကား နေကြခြင်း ဖြစ်သည်။ ပွဲစားများ၏ ရောင်းကုန် အဖြစ်ခံ ခဲ့ရသည့် မြန်မာ အမျိုးသမီး များမှာလည်း ဆိုးရွားလှသော ဘဝကို ခါးစည်းခံခဲ့ ရသည့် ဖြစ်ရပ် သာဓက များလည်း ရှိသည်။

မြန်မာနိုင်ငံမှ အခြား နိုင်ငံများသို့ လူကုန်ကူးမှု ခံရသည့် လူများသည် ဗဟုသုတ အားနည်းခြင်း ၊ လောဘ တက်သောကြောင့် ဖြစ်ခြင်း ၊ ယုံကြည် လွယ်ခြင်း ၊ ကိုယ့်နိုင်ငံ ၊ ကိုယ့်လူမျိုး ၊ ကိုယ့်တိုင်းပြည် တွင်အသက် မွေးဝမ်းကျောင်း ပြုနိုင် သော်လည်း အလွန် ချမ်းသာချင် သောစိတ် တို့ကြောင့် အန္တရာယ်ကို မမြင်မိဘဲ လူကုန်ကူး သူများ၏ လိမ်လည် လှည့်စား ခြင်းများ ခံနေရ ကြသည်။

ထို့ကြောင့် ပြည်တွင်း ၊ ပြည်ပ ဗဟုသုတ ပြည့်ဝရန် မီဒီယာ များမှ တစ်ဆင့် ကြည့်ရှု မှတ်သားကာ ဆန္ဒနောက် အသိပညာ လိုက်ခြင်းဖြင့် လူကုန်ကူးခြင်း ခံရမှု ကင်းဝေး စေရန် ဆန္ဒပြု ရေးသား လိုက်ရပါသည်။

ကျော်ကျော်(မလှိုင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger