www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 3, 2014

စည်းလုံးညီညွတ်မှု ဖြင့် အောင်မြင်မှုကို ရယူ


စည်းလုံးညီညွတ်မှု ဖြင့် အောင်မြင်မှုကို ရယူ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကို နယ်ချဲ့ လက်အောက်မှ ပြန်လည် ရယူရာ၌ တစ်ဦးကောင်း တစ်ယောက်ကောင်း ဖြင့် ရယူ နိုင်ခဲ့ခြင်း မဟုတ်ချေ။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူ အပေါင်း၏ ညီညွတ်မှု စွမ်းအားဖြင့် ရယူ နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုညီညွတ်မှု စွမ်းအားသည် ပြန်လည် ရရှိရန် အလွန်တရာ ခက်ခဲသည့် လွတ်လပ်ရေး ကိုပင် ရယူနိုင်သည် ဆိုလျှင် အခြား အခြားသော ကိစ္စများ၌လည်း မအောင်မြင် နိုင်စရာ အကြောင်း မရှိပေ။ လိုချင်သည့် အရာမှန် သမျှကို ညီညွတ်မှု စွမ်းအားဖြင့် ရယူနိုင်သည်။ အထူးသဖြင့် နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ကဏ္ဍများတွင် စည်းလုံး ညီညွတ်စွာ ဆောင်ရွက် ကြမည်ဆိုလျှင် အောင်မြင်မှု ပန်းတိုင်ကို အရောက် လှမ်းနိုင်မည် သာဖြစ်သည်။

ထို့ကြောင့် (၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဦးတည်ချက် များဖြစ်သည့် -

  • ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး။
  • ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့ကို တိုင်းရင်းသား အားလုံး မျက်ခြည်မပြတ် ထိန်းသိမ်း ကာကွယ်ရေး။
  • လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက် ရာတွင် တိုင်းရင်းသား လူမျိုးများ အားလုံးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး။ 
  • ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ပြည်သူ့စွမ်းအား ဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး

ဟူသည့် ဦးတည်ချက် တို့ကို ဖော်ဆောင်ရာတွင် စည်းလုံး ညီညွတ်စွာ ဖော်ဆောင်ပါကေ အာင်မြင် မည်သာ ဖြစ်သည်။

သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ နိုင်ငံရေး ပါတီ အဖွဲ့အစည်းများ အပါအဝင် ပြည်သူ တစ်ရပ်လုံး အနေဖြင့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ပြုပြင် ပြောင်းလဲမှု တို့တွင် မိမိတို့ကျရာ ကဏ္ဍအသီးသီး ၌ လက်တွဲ ပူးပေါင်း၍ စည်းလုံး ညီညွတ်စွာဖြင့် ယခင်နှစ် များကထက် တိုးမြှင့် ဆောင်ရွက် ခြင်းဖြင့် အောင်မြင်မှုကို ရယူနိုင်မည် ဖြစ်ကြောင်း တိုက်တွန်း ရေးသား လိုက် ရပေသည်။

( ၃-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger