www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 11, 2014

အားလုံးပါဝင်ဆောင်ရွက်နိုင်သော နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးရေး


အားလုံးပါဝင်ဆောင်ရွက်နိုင်သော နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်
( ၁၁-၁-၂၀၁၄ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သည် မြောက်ဘက် နှင့် အရှေ့ မြောက်ဘက်တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ၁၃၈၄ မိုင်ခန့် ၊ အရှေ့ဘက် တွင် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် မိုင် ၁၄ဝ ခန့် ၊ အရှေ့ တောင်ဘက်တွင် ထိုင်းနိုင်ငံ နှင့် ၁၃၁ဝ မိုင်ခန့် ၊ အနောက်ဘက် တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ၁၆၈ ဒသမ ၅၄၇ မိုင်ခန့် ၊ အိန္ဒိယနိုင်ငံ နှင့် မိုင်ပေါင်း ၁၄၆ဝ ဒသမ ၄၃ဝ ခန့် နယ်နိမိတ်ချင်း ဆက်စပ် တည်ရှိသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅)ချက် နှင့်အညီ အိမ်နီးချင်း နိုင်ငံများနှင့် အပြန်အလှန် ရိုသေ လေးစားမှုနှင့် အစဉ်အဆက် ချစ်ကြည် ရင်းနှီးမှု များကို အစဉ်တစိုက် ထိန်းသိမ်းကာ ဖွံ့ဖြိုးရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

နယ်နိမိတ် ဆက်စပ်မှု အရှည်လျားဆုံး သော အိန္ဒိယ - မြန်မာ တို့  နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏမှာ နှစ်စဉ် အမေရိကန် ဒေါ်လာ တစ်ဘီလီယံ ကျော်ခဲ့ရာမှ ယခုနှစ်တွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံ အထိ တိုးမြှင့် သွားရန် မျှော်မှန်း ထားသည်။ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး ပိုမိုတိုးတက် စေရန် နယ်စပ် ဈေးများတွင် ကုန်ပစ္စည်း အမျိုးအစား ၄ဝ ကျော်ကို အခွန် ကင်းလွတ်ခွင့်ပြု ရောင်းချသွားရန် ယခုနှစ် ပွင့်လင်းရာသီ မှစ၍ စစ်ကိုင်းတိုင်း ဒေသကြီး ၌ ဖွင့်လှစ်မည် ဖြစ်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မြန်မာ - အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး ကို ၁၉၉၇ ခုနှစ် ဧပြီ ၁၂ ရက်တွင် တမူးနယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခဲ့ရာမှ ယခု တစ်ဖန် စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ပန်ဆောင် မြို့နယ်ခွဲ ၌ ထပ်မံ ဖွင့်လှစ်မည် ဖြစ်သည်။ မြန်မာ - အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး ဈေးများကို ကိုးနေရာ အထိ ဖွင့်လှစ် သွားမည် ဖြစ်သဖြင့် ပန်ဆောင်ဈေး ဖွင့်လှစ်ပြီး ပါက စစ်ကိုင်းတိုင်း ဒေသကြီး နှင့် ချင်းပြည်နယ် တို့ရှိ ခင်မန်း ၊ လေးလက် ၊ ဒါရ်ခိုင် ၊ တီအို ၊ ဖာရ်တန် ၊ ဆွမ်မရာ ၊ ရန်ချင်း ၊ ပုံညိုနှင့် ခမ်းပတ် ၊ အိန္ဒိယနိုင်ငံ ဘက်မှ ဘီဟိုင် ၊ ဗာဖိုင်း ၊ ဟန်လန်း ၊ ပန်ကွာ ၊ ဇိုတဲ ၊ အာဗာခမ်း ၊ ပန်ရှာ ၊ ချီမိုးဟို နှင့် နယူးဆွယ်တဲ တို့တွင်
အသီးသီး ဆက်လက် ဖွင့်လှစ် သွားမည် ဖြစ်သည်။ 

နိုင်ငံတော် အစိုးရက ဆောင်ရွက် နေသော ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ တွင် နိုင်ငံရေး ၊ စီးပွားရေး ၊ အုပ်ချုပ်ရေး ပြုပြင် ပြောင်းလဲရေး များကို အဆင့်ဆင့် ဆောင်ရွက်ခဲ့ပြီး စတုတ္ထ အဆင့် ပြုပြင် ပြောင်းလဲရေး အဖြစ် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ စက်မှုလုပ်ငန်း ၊ ငွေကြေးလုပ်ငန်း ၊ ဝန်ဆောင်မှု လုပ်ငန်း ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေး ဆောင်ရွက် နေပြီ ဖြစ်သည်။

နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ တွင် လူတိုင်း ပါဝင် ဆောင်ရွက် နိုင်ရန် တစ်ဦးတည်း ပို့ကုန်/ သွင်းကုန် မှတ်ပုံတင် လက်မှတ် ( Indivitual Trading Card - ITC ) များ ထုတ်ပေးလျက် ရှိသည်။ တစ်ဦးတည်း ပို့ကုန်/ သွင်းကုန် မှတ်ပုံတင် လက်မှတ်များ ထုတ်ပေး ခြင်းဖြင့် နယ်စပ် ဒေသနေ ပြည်သူများ ၊ အသေးစား လုပ်ငန်းရှင်များ ၊ ဒေသခံ တိုင်းရင်းသားများ အနေဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ကို ရိုးရှင်း လွယ်ကူစွာ ကူးသန်း ရောင်းဝယ် နိုင်မည် ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှု များမှ တရားဝင် ကုန်သွယ်မှု လမ်းကြောင်း ပေါ်သို့ ရောက်ရှိပြီး ကုန်သွယ်မှု ပမာဏနှင့် နိုင်ငံတော် အတွက် ရသင့် ရထိုက်သော အခွန်အခ များ ပိုမို တိုးတက် ရရှိလာမည် ဖြစ်သည်။ လှုပ်ရှား ရှာဖွေ တားဆီး စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက် နေသော်လည်း တရားမဝင် ကုန်သွယ်မှုများ ရှိနေဆဲပင် ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတော် အစိုးရက ဆောင်ရွက် နေသော ဆင်းရဲမှု လျော့နည်း ပပျောက်ရေး အထောက် အကူဖြစ် စေမည့် နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများ၏ ရည်မှန်းချက် များေ အာင်မြင်ရေး တိုင်းရင်းသား ပြည်သူ အပေါင်းက နည်းလမ်းတကျ ဝိုင်းဝန်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger