www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 20, 2014

လူထုအခြေပြု အောင်မြင်မှု ဖော်ဆောင်


လူထုအခြေပြု အောင်မြင်မှု ဖော်ဆောင်

နိုင်ငံတော် အဆင့် ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ သည် ပြောင်းလဲမှုများ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ် လာခဲ့ရာ နိုင်ငံရေး ၊ စီးပွားရေး တို့၏ ပြောင်းလဲမှု များမှာ နိုင်ငံတကာ မှပင် စိတ်ဝင်စားလာ စေခဲ့သည်။

ကျေးလက်နေ ပြည်သူ ၇ဝ ရာခိုင်နှုန်း ၊ ကျေးရွာပေါင်း ၆၉၄၁၇ တို့ရှိ လူတို့၏ နိစ္စဓူဝ လူမှု စီးပွားဘဝ မြှင့်တင်ရေး ဖော်ဆောင်ရန် Top Down Policy (အစား) Bottom Up Inititative ဟူသည့် လူထုအခြေပြု မူဝါဒနှင့် နိုင်ငံ အုပ်ချုပ်မှု စနစ် အသက်ဝင် ခြင်းလည်း တစ်ခု အပါအဝင် ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲမှု အရှိန်အဟုန် နှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်း များက အကူအညီ ပေးရန် ခြေလှမ်းများ စတင်လာခဲ့ရာ ကမ္ဘာ့ဘဏ်၏ ထောက်ပံ့ငွေ ဒေါ်လာသန်း ၈ဝ အစီအစဉ် မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။

ထိုအစီအစဉ် သည် ဆင်းရဲ နွမ်းပါးမှု အခြေခံ၍ ဒေသ အာဏာပိုင် များက စိတ်အား ထက်သန်သော ကျေးရွာနေ အမျိုးသား ၊ အမျိုးသမီး တန်းတူညီမျှ အခွင့်အရေး ရပြီး အမျိုးသမီးထု တင်ပြသော စီမံကိန်း အနည်းဆုံး တစ်ခု ပါဝင်မည့် အပြင် ကျေးရွာအုပ်စု တစ်ခု၏ အခြေခံ လိုအပ်ချက် များကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ၂၇ဝဝဝ နှုန်းဖြင့် သုံးနှစ် ထောက်ပံ့မည့် အသေးစိတ် အစီအစဉ် ဖြစ်သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆောင်ရွက်ရာတွင် ၂ဝ၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း အထိ လျှော့ချရန် ရည်မှန်းချက် ထားရှိပြီး ဖြစ်ရာ ပြည်ထောင်စု အဆင့် ဝန်ကြီး ဌာနများ ၊ တိုင်းဒေသကြီး အစိုးရများ ၊ ပြည်နယ် အစိုးရများ နှင့် နေပြည်တော် ကောင်စီတို့က ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေသည်။

ပြည်သူကို ဗဟိုပြုသည့် ယနေ့ကာလ တွင် ပြည်သူ့အား သည် များစွာ အရေးပါသည့် အလျောက် နိုင်ငံ တည်ဆောက်ရေး တွင်သာမက နိုင်ငံ တည်ငြိမ် အေးချမ်းရေး တွင်ပါ လူထုအားကို များစွာ လိုအပ်လျက် ရှိနေသည်။ ယနေ့ကာလ အရပ်ဘက် လူ့အဖွဲ့အစည်း များတွင် နိုင်ငံရေး လှုပ်ရှားမှု ၊ လူမှုရေး လှုပ်ရှားများကို ခေတ်စနစ်နှင့် အညီ လွတ်လပ် ပွင့်လင်းစွာ ဆောင်ရွက် လာနိုင်သည်ကို တွေ့ရသည်။ ထိုသို့ လှုပ်ရှား ဆောင်ရွက်ရာ တွင် လက်တွေ့ လူမှုဘဝကို ထင်ဟပ် သည့် တည်ဆောက်ရေး ကို ရှေးရှုသော လှုပ်ရှားမှုများကို အားပေး ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်စေရန် အတွက် အခြားနိုင်ငံများ နှင့် အမီလိုက် နိုင်စေရန် ကြိုးပမ်း ဆောင်ရွက်ရာ တွင် နိုင်ငံ တည်ဆောက်ရေး ၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ် များကို တစ်ခုပြီး တစ်ခု ဖော်ဆောင်ရန် ထက် တစ်ပြိုင်နက် ကြိုးပမ်း ဖော်ဆောင်ရေးကို လိုအပ်ချက် အရ ကြိုးပမ်း ဆောင်ရွက် နေကြ ရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် သတ်မှတ် စံချိန်စံနှုန်းများ ပြည့်မီရန် ဆောင်ရွက် ရသကဲ့သို့ နိုင်ငံ တည်ငြိမ် အေးချမ်းရေး ၊ တိုင်းရင်းသား အားလုံး ညီညွတ်ရေး တို့ကိုလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်း၍ ဆောင်ရွက် သွားကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့ လူ့ဘောင်တွင် ထွန်းကား ခဲ့သော ရှေးယခင် လူထုအခြေပြု လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက် မှသည် ခေတ်သစ် လူထုအခြေပြု လူမှုစီးပွား ဘဝ တိုးတက် မြင့်မားရေး ဆောင်ရွက်ရာ တွင် ပြည်သူ တစ်ရပ်လုံး နိုးထရှင်သန် ပါဝင် ဆောင်ရွက်ကြပြီး အောင်မြင်မှုကို ရယူသွားကြ ရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( ၂၀-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger