www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 14, 2014

ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး နှင့် ပိုးယဉ်ပါးမှု တားဆီးရေး


ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး နှင့် ပိုးယဉ်ပါးမှု တားဆီးရေး

အယ်ဒီတာ့အာဘော်
( ၁၄-၁-၂၀၁၄ )

ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း ငှက်ဖျားရောဂါ ဝေဒနာ ခံစား နေကြရသည့် လူပေါင်း သန်း ၅ဝဝ ခန့်ရှိပြီး ငှက်ဖျားရောဂါ ကြောင့် သေဆုံးသူ တစ်သန်းခန့် ရှိသည်။ အရှေ့တောင် အာရှ ဒေသတွင်းရှိ နိုင်ငံများတွင် နေ့စဉ် ငှက်ဖျားရောဂါ ဝေဒနာ ခံစားနေရသူ ၅ဝဝဝ ခန့်ရှိပြီး တစ်နှစ်တွင် ငှက်ဖျားရောဂါ ကြောင့် သေဆုံးသူ တစ်သိန်း ခန့်ရှိကြောင်း သိရသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တွင် ဆေးရုံ ၊ ဆေးပေးခန်း များမှ ရရှိသည့် စာရင်းများ အရ နှစ်စဉ်  ငှက်ဖျားရောဂါ ဖြစ်ပွားသူ ငါးသိန်းခန့် ရှိပြီး လူ ၁ဝဝဝ ခန့် သေဆုံးလျက် ရှိသည်။ မြန်မာနိုင်ငံ တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း သည် ကုလသမဂ္ဂ ရည်မှန်းချက်၏ အခြေခံနှစ် ဖြစ်သည့် ၁၉၉ဝ ပြည့်နှစ်တွင် ဦးလူရေ ၁ဝဝဝ ၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၂၄ ဦးရှိပြီး သေဆုံးနှုန်းမှာ လူဦးရေ တစ်သိန်းလျှင် ၁၃ ဦး ရှိခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်တွင် လူဦးရေ ၁ဝဝဝ ၌ ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၁ဝ ဦးခန့်ရှိပြီး သေဆုံးနှုန်းသည် ၂ ဦးအထိ ကျဆင်း လာခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်က ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း နှင့် သေဆုံးမှု နှုန်းကို ၂ဝ၁၅ ခုနှစ်၌ ထက်ဝက် လျှော့ချ ရမည်ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်နေသော ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း နှင့် သေဆုံးမှုနှုန်း များ လျော့ကျ လာစေရန် ကျန်းမာရေး ဝန်ကြီးဌာန နှင့်အတူ ဆက်နွှယ်သည့် ဝန်ကြီးဌာနများ ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ ၊ ဒေသခံ လူမှုရေး အသင်းအဖွဲ့ များနှင့် ပြည်သူများ ပူးပေါင်း ပါဝင် ဆောင်ရွက် ကြရမည် ဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာန သည် ငှက်ဖျားရောဂါ ပပျောက်ရေး ၂ဝ၁၅ မျှော်မှန်းတွေး ၊ တိုးမြှင့် စုပေါင်း တိုက်ဖျက်ပေး ဆောင်ပုဒ်နှင့် အညီ ၂ဝ၁၁ ခုနှစ်မှစ၍ ဆောင်ရွက် ခဲ့သည်။ ငှက်ဖျားရောဂါ ကုသရေး ကျွမ်းကျင်သူများ ၊ ရောဂါ တိုက်ဖျက်ရေး စီမံချက်မှ ကျွမ်းကျင်သူ များနှင့် သုတေသန ပညာရှင်များ တက်ရောက်သော ငှက်ဖျားရောဂါ နှင့် သက်ဆိုင်သည့် နည်းပညာပိုင်း ဆိုင်ရာများကို ကဏ္ဍစုံ ၊ ဘက်ပေါင်းစုံ မှ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

ထို့အပြင် ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး အတွက် ပြည်သူတို့ အတွင်း ငှက်ဖျားရောဂါ နှင့်စပ်လျဉ်း ၍ လွဲမှားသော အယူအဆ ပပျောက်ပြီး အသိပညာ ပြန့်ပွားရေး ကျေးရွာ အောက်ခြေအထိ ပညာပေး လုပ်ငန်း များ ဆောင်ရွက် ရမည် ဖြစ်သည်။ ကုသရေး အပိုင်းတွင်လည်း နေရာဒေသ အလိုက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက် များကို အခြေခံ၍ ပိုမို ကောင်းမွန်သော ကုထုံးနည်းများ ဖော်ထုတ် ကြရမည် ဖြစ်သည်။ 

သို့ဖြစ်၍ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ ၌ ငှက်ဖျားရောဂါ ကာကွယ် တိုက်ဖျက်ရေး ၊ ငှက်ဖျားပိုး ယဉ်ပါးမှု အန္တရာယ် တားဆီးရေး လုပ်ငန်းများအား ကျန်းမာရေး ဝန်ကြီးဌာန နှင့်အတူ ပြည်သူ တစ်ရပ်လုံး ပါဝင် ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger