www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 13, 2014

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ရန်ကုန်မြို့ မှ ထွက်ခွာ


စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း နှင့် အရာရှိ ၊ စစ်သည် ၊ မိသားစုများက
ဆေးရုံရေယာဉ် (ရွှေပုဇွန်) အား ပို့ဆောင်နှုတ်ဆက်စဉ်


နေပြည်တော် ၊ ၁၃-၁-၂၀၁၄

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) သည် ဧရာဝတီတိုင်း ဒေသကြီး မြစ်ဝကျွန်းပေါ် ဒေသ မြစ်ရိုး တစ်လျှောက်ရှိ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးရန် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အမှတ်(၄) ရေတပ် ဘောတံတားမှ ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ) မှ စစ်ဦးစီး အရာရှိချုပ်(ရေ) ဗိုလ်ချုပ် တင်အောင်စန်း ၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင် နှင့် တပ်မတော်(ရေ) မှ အရာရှိကြီးများ ၊ အရာရှိ ၊ စစ်သည် မိသားစုဝင် များက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် နှင့်အတူ အမှတ်(၁) တပ်မတော် ဆေးရုံ ( ခုတင်- ၁၀၀၀ ) မှ ဗိုလ်မှူး မောင်မောင်ကြီး ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အရာရှိ ၊ စစ်သည်များ သည် ဧရာဝတီ မြစ်ရိုး တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသရှိ ကျေးရွာ (၇၇)ရွာမှ လူဦးရေ (၉)သောင်း ကျော်အား သတ်မှတ် နေရာ(၁၆) နေရာခွဲ၍ ရက်ပေါင်း(၃၅) ရက်ကြာ လှည့်လည် ကုသ ပေးသွားမည် ဖြစ်သည်။

ထိုဆေးရုံ ရေယာဉ်သည် ပုံမှန် အခြေအနေ တွင် လူနာ ၃ ဦးအား ဆေးရုံတက် လူနာအဖြစ် ကုသနိုင်၍ အရေးပေါ် အခြေအနေ ပေါ်ပေါက် လာပါက လူနာ ၃၀ ဦးအထိ တင်ဆောင် ကုသနိုင်ပြီး ရေယာဉ် ပေါ်တွင် ခွဲစိတ်ခန်း ၊ မီးယပ် သားဖွားခန်း ၊ ဓာတ်မှန်ခန်း ၊ စမ်းသပ်ခန်း နှင့် အထူး ကြပ်မတ် ကုသဆောင်တို့ ပါဝင်၍ ဒေသခံ ပြည်သူများအား အထွေထွေ ရောဂါများ ကုသပေးခြင်း ၊ ခွဲစိတ် ကုသ ပေးခြင်း ၊ ကလေးမီးဖွား ပေးခြင်း ၊ မီးယပ်ဆိုင်ရာ ကုသမှု လုပ်ငန်းများ ၊ ကလေး ရောဂါများ ကုသပေးခြင်း ၊ အရိုးရောဂါ ကုသမှု လုပ်ငန်း ၊ မျက်စိ ခွဲစိတ် ကုသမှု လုပ်ငန်း ၊ နား ၊ နှာခေါင်း ၊ လည်ချောင်း နှင့် သွားရောဂါများ ကုသပေးခြင်း များ ဆောင်ရွက် ပေးသွားမည့် အပြင် X-ray ရိုက်ခြင်း ၊ Ultrasound ရိုက်ခြင်း ၊ ဓာတ်ခွဲဆိုင်ရာ ရောဂါ ရှာဖွေ စစ်ဆေးခြင်း ဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက် ပေးနိုင်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger