www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 22, 2014

မူးယစ်ဆေးဝါး ချက်လုပ်သော စခန်းပုန်းနှစ်ခုအား သိမ်းဆည်းရမိ


ပင်လောင်းမြို့နယ် အတွင်းသိမ်းဆည်း ရမိသည့် မူးယစ်ဆေးဝါး ချက်လုပ်သော စခန်းပုန်းနှစ်ခု တည်နေရာအား တွေ့ရစဉ်

သိမ်းဆည်း ရမိသည့် ဘိန်းဆီရည်များအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၁-၂၀၁၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် အတွင်း တပ်မတော်သားများ ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး အဖွဲ့သည် ဇန်န၀ါရီ ၂၀ ရက်က နယ်မြေ ရှင်းလင်း ဆောင်ရွက်ရာ နန်းနိမ့်ကျေးရွာ အနီး ပေ ၂၀ ပတ်လည်ခန့်ရှိ မိုးကာတဲ အပြာရောင်ဖြင့် ဘိန်းညိုမှုန့် ချက်လုပ်သည့် နေရာအား တွေ့ရှိရပြီး ၄င်းနေရာ၌ မောင်ပေး ၄၀ နှစ် နှင့် မောင်ခိုင် ၃၂ နှစ်တို့နှင့် အတူ ဘိန်းဆီရည် ၂၆ လီတာ ၊ အမိုနီယမ် ကလိုရိုက် ၂ ကီလိုခန့် နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်း ရမိသည်။

ထို့နောက် ဆက်လက် ရှင်းလင်း ဆောင်ရွက်ရာ ဆောင်းပြောင်း ကျေးရွာ၏ အနောက်တောင် ဘက် ၂ မိုင်ခန့် အကွာ၌ ၄၀x၃၀ ပေခန့်ရှိ အစိမ်းရောင် မိုးကာတဲ နှင့် ၁၅x၁၀ ပေခန့်ရှိ အပြာရောင် မိုးကာတဲ နှစ်လုံးနှင့်အတူ ဘိန်းညိုခဲ ၁၀ ကီလိုခန့် ၊ ဘိန်းဆီခဲ ၃ ကီလိုခန့် ၊ အမိုနီယမ် ကလိုရိုက် ၄ ကီလိုခန့် နှင့် ဘိန်းဆီရည် ၆၀၇၀ လီတာခန့် တို့အား သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများအား ၀င်ရောက် ရှင်းလင်း ဆောင်ရွက် နေချိန်တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင် များက နန်းနိမ့်ကျေးရွာ နှင့် ဘောရန် ကျေးရွာသွား လမ်းပေါ်၌ ပိတ်ဆို့ စောင့်ဆိုင်းစဉ် နန်းနိမ့် ကျေးရွာဘက်မှ ဘောရန် ကျေးရွာသို့ မောင်းနှင် လာသော ဆိုင်ကယ် ၅ စီးအား ရပ်တန့် စစ်ဆေးရာ စိုးမောင် ၊ မောင်တိုး ၊ ကိုရင် ၊ မောင်ကို နှင့် မိုးမြတ် တို့ ၅ ဦးထံမှ ဘိန်းစိမ်း အလေးချိန် ၁၁၉ ဒသမ ၂၀၉ ကီလိုခန့် သိမ်းဆည်း ရမိသည်။

အဆိုပါ သိမ်းဆည်း ရမိသော မူးယစ်ဆေးဝါး များ၏ စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် သိန်းလေးထောင် ရှစ်ရာကျော် ဖြစ်ကြောင်း နှင့် ဖမ်းဆီး ရမိသူများ နှင့် ပတ်သက်၍ ဆက်လက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger