www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 8, 2013

အိန္ဒိယနိုင်ငံ၌ (၉)ကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ ပိဋကသုံးပုံ ရွတ်ဖတ် ပူဇော်ပွဲကျင်းပ



နေပြည်တော် ၊ ၈-၁၂-၂၀၁၃

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော အဖွဲ့ဝင် ၂၄ ဦး ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယ နိုင်ငံ အထက် လွှတ်တော် ဥက္ကဋ္ဌ H.E. Shri Mohd Hamid Ansari နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Smt Meira Kumar တို့၏ ဖိတ်ကြားချက် အရ ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ အိန္ဒိယ သမ္မတနိုင်ငံ သို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက် ခဲ့သည်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒီဇင်ဘာ ၂ ရက် ညနေ ၃ နာရီက ဗုဒ္ဓဂယာ မဟာဗောဓိ ၌ ကျင်းပသည့် (၉)ကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံ ရွတ်ဖတ် ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက် ကြည်ညိုပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

အဆိုပါ အခမ်းအနား သို့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံ ရွတ်ဖတ် ပူဇော်ပွဲ ကျင်းပရေး အဖွဲ့ ဥက္ကဋ္ဌ ဗုဒ္ဓဂယာကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဓန္တ ဉာဏိန္ဒ အမှူးပြုသော မြန်မာ ၊ အိန္ဒိယ ၊ သီရိလင်္ကာ ၊ ဘင်္ဂလားဒေ့ရှ် ၊ ထိုင်း ၊ လာအို ၊ ကမ္ဘောဒီးယား ၊ တရုတ် နှင့် နီပေါ နိုင်ငံတို့မှ ဖိတ်ကြား ထားသော ဆရာတော် သံဃာတော်များ ၊ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပိဋကသုံးပုံ ရွတ်ဖတ် ပူဇော်ပွဲ ကျင်းပရေး အဖွဲ့ဝင် ဆရာတော်များ နှင့် မြန်မာနိုင်ငံ မှ ရှမ်းတိုင်းရင်းသား ၊ တိုင်းရင်းသူများ အပါအဝင် အင်အား ၆ဝဝ ၊ IBTC အဖွဲ့ဝင် နိုင်ငံများမှ သံဃာတော် များနှင့် လူပုဂ္ဂိုလ်များ တက်ရောက် ကြသည်။

မြန်မာနိုင်ငံ အနေဖြင့် (၈)ကြိမ်မြောက် နှင့် ယခု (၉)ကြိမ်မြောက် နိုင်ငံတကာ ဗုဒ္ဓဘာသာ ပိဋကတ် ရွတ်ဖတ် ပူဇော်ပွဲကို တာဝန်ယူ ဆောင်ရွက် ခဲ့သည်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌအား ညနေ ၆ နာရီခွဲ တွင် ဗီဟာပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ H.E. Shri U.N. Choudhary က The Royal Residency Hotel ၌ လာရောက် တွေ့ဆုံပြီး ဗုဒ္ဓဂယာ သည် မြန်မာတို့ အလေးအမြတ် ထားရာ နေရာ ဖြစ်ကြောင်း ၊ မြန်မာ လူမျိုးများ ဗုဒ္ဓဂယာသို့ ဘုရားဖူး
လာရောက်လျက် ရှိခြင်းဖြင့် ရှိပြီး ဖြစ်သည့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမို ရရှိလာမည် ဖြစ်ကြောင်း ၊ ယင်းသို့ ခင်မင် ရင်းနှီးမှုသည် နှစ်နိုင်ငံ အကျိုးကို ပိုမိုဖြစ်ထွန်း စေမည် ဖြစ်ကြောင်းဖြင့် ပြောကြား ခဲ့သည်။

ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်း တွင် မဟာဗောဓိ စေတီသို့ ရောက်ရှိပြီး မဟာဗောဓိ စေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော် မြတ်အား ရွှေကြာ သင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့် အဖွဲ့သည် သတ္တ သတ္တဟ ဌာနများအား လှည့်လည် ဖူးမြော် ကြည်ညိုသည်။

ထို့နောက် ဗုဒ္ဓဂယာ မြန်မာကျောင်း သို့ ရောက်ရှိပြီး မြန်မာကျောင်း ဆရာတော် နှင့် ဆရာတော် သံဃာတော် များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။(ပုံ)

ယင်းနောက် ဗုဒ္ဓဂယာရှိ မင်းတုန်းမင်း ကျောက်စာ နှင့် မင်းတုန်းမင်း ဆောက်လုပ် ခဲ့သော အလျား ပေ ၉ဝ ၊ အနံပေ ၄ဝ ရှိ အုတ်တိုက် အဆောက်အအုံ ကို ကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger