www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 9, 2013

(၁၂)ဦးဆံ့ စင်းလုံးငှား လေယာဉ်နှစ်စင်း ချမ်းမြသာစည် လေယာဉ်ကွင်းသို့ အခြေပြုပျံသန်းရန် ရောက်ရှိ မြန်မာကျပ်ငွေဖြင့် ခရီးစဉ်များ စတင်ပျံသန်းခြင်း အထိမ်းအမှတ်ပြုလုပ်



မန္တလေး ၊ ၉-၁၂-၂၀၁၃

မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ် တွင် အခြေပြု ပျံသန်းမည့် Cessna -208 B Grand Caravan Ex လေယာဉ် နှစ်စင်း ၊ Beech 1900 D လေယာဉ် တစ်စင်းတို့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက လေကြောင်း ပို့ဆောင်ရေး မှ တာဝန်ရှိ သူများ ၊ မီဒီယာများ စုစုပေါင်း ၃၈ ဦး တင်ဆောင်၍ ရန်ကုန်မြို့ မှ မန္တလေးမြို့ ချမ်းမြသာစည် လေဆိပ်သို့ ရောက်ရှိ လာကြောင်း သိရသည်။

ချမ်းမြသာစည် လေဆိပ်တွင် အခြေပြု ပြေးဆွဲမည့် အမေရိကန်လုပ် Cessna -208 B Grand Caravan Ex လေယာဉ် နှစ်စင်း စတင်ပျံသန်းခြင်း အထိမ်းအမှတ် ဖွင့်လှစ်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ချမ်းမြသာစည် လေယာဉ်ကွင်း အတွင်း၌ ကျင်းပ ပြုလုပ်ရာ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး ဦးကျော်ဆန်း နှင့် လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြသည်။

လေယာဉ် စတင်ပျံသန်း ပြေးဆွဲခြင်း ဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနား သို့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး တာဝန်ရှိ သူများက လေယာဉ်များ ပေါ်သို့ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြ ကြောင်း နှင့် တက်ရောက် လာသော ဖိတ်ကြား ထားသည့် ဧည့်သည်များ ၊ မီဒီယာများကို လေယာဉ်သစ် နှစ်စင်း၊ Beech 1900 D လေယာဉ် သုံးစင်းဖြင့် မန္တလေး အပေါ်စီး မြင်ကွင်းကို တစ်စင်းလျှင် မိနစ် ၄၀ ခန့် ပျံသန်းပြသ ခဲ့သည်။

၎င်းလေယာဉ် နှစ်စင်းသည် စင်းလုံးငှား အဖြစ် တစ်နာရီလျှင် မြန်မာငွေ ကျပ်ခြောက်သိန်း သတ်မှတ် ကောက်ခံမည် ဖြစ်ကြောင်း ၊ မန္တလေး ရှုခင်းကြည့် ခရီးသည်များအား မိနစ် ၂၀ ခန့်ကို မြန်မာငွေ ကျပ် ၁၆၀၀၀ / ၂၀၀၀၀ ခန့် ကောက်ခံမည် ဖြစ်ကြောင်း ၊ လေယာဉ် တစ်စင်းလျှင် ခရီးသည် ၁၂ ဦး ၊ လေယာဉ်မောင်း နှစ်ဦး ၊ လေယာဉ်မယ် တစ်ဦး စုစုပေါင်း ၁၅ ဦး သာ စီးနင်း ရမည်ဖြစ်ပြီး ကုန်ချိန် (၄ဝ၃၇) ပေါင် တင်ဆောင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု လောလောဆယ် တွင် ဟဲဟိုး နှင့် ညောင်ဦး ခရီးစဉ် များသို့ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းကို မြန်မာ့ လေကြောင်း ကဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နှင့် လေယာဉ် ပျံသန်းမည့် အစီအစဉ်နှင့် ဈေးနှုန်း ကို မြန်မာ့ လေကြောင်းက မကြာမီ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger