www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 8, 2013

မြန်မာနိုင်ငံမှ နေရာခုနှစ်နေရာကို ကမ္ဘာ့အမွေအနှစ်စာရင်း တွင် ထည့်သွင်းရန် ယူနက်စကို က ပဏာမရွေးချယ်



ရန်ကုန် ၊ ၈-၁၂-၂၀၁၃

မြန်မာနိုင်ငံ မှ နေရာ ခုနစ်နေရာ ကို " ကမ္ဘာ့ အမွေအနှစ် စာရင်း " တွင် ထည့်သွင်းရန် ပဏာမ ရွေးချယ် ထားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရေး ၊ သိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ UNESCO မှ တာဝန်ရှိသူ  တစ်ဦးက အတည်ပြု ပြောကြား ခဲ့သည်။ ၄င်းက မြန်မာနိုင်ငံ မှ သဘာဝ အဖိုးတန် အမွေအနှစ် များကို ကမ္ဘာ့ အမွေအနှစ် အသိုက်အဝန်း စာရင်းအတွင်း ထည့်သွင်းကာ အစဉ် စောင့်ရှောက် သွားနိုင် စေရန် ရည်ရွယ်ချက် ဖြင့် ယခုလို မြန်မာနိုင်ငံ မှ နေရာ ခုနှစ်နေရာ ကို ပဏာမ ရွေးချယ်ကာ အမည်စာရင်း တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ပဏာမ အနေဖြင့် အမည်စာရင်း တင်သွင်း လိုက်သော နေရာများတွင် ဟူကောင်း တောင်ကြား ကျားထိန်းသိမ်းရေး နယ်မြေ ၊ (ပုံ) ဧရာဝတီ မြစ်ကြော ၊ မြိတ်ကျွန်းစု နှင့် နတ်မတောင် အမျိုးသား ဥယျာဉ် စသည်တို့  ပါဝင်ကြောင်း သိရပြီး ၄င်းတို့ကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ၏ ပူးပေါင်း ဆောင်ရွက်မှု သည် အရေးကြီး ကြောင်းနှင့် ယူနက်စကို မှလည်း ကူညီ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချက် တစ်ရပ်တွင် ဖော်ပြ ထားသည်။

ယင်းကြေညာချက် တွင် မြန်မာ နိုင်ငံသည် ရေမြေဇီဝ မျိုးကွဲ များစွာ ပေါများကြွယ်ဝသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အရေးပါသော ဂေဟစနစ်များ ၊ ဇီဝဖြစ်စဉ် များနှင့် ပျော်ရွှင် ချမ်းမြေ့ဖွယ်ရာ သဘာဝ အနေအထား များကို ပိုင်ဆိုင်ထား သည့်အတွက် ကမ္ဘာ့ အမွေအနှစ် စာရင်းတွင် ထည့်သွင်း ခံရနိုင်သော အလားအလာ များစွာ ရှိကြောင်း ဖော်ပြ ထားသည်ကို တွေ့ရသည်။

နော်ဝေနိုင်ငံ မှ အထောက်အပံ့ ပေး ဆောင်ရွက်လျက် ရှိသော '' သဘာဝ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး '' စီမံကိန်း ကလည်း မြန်မာနိုင်ငံရှိ အနာဂတ် တွင် ကမ္ဘာ့ အမွေအနှစ် ဖြစ်လာ နိုင်သော သဘာဝ ပတ်ဝန်းကျင် နေရာများကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် မြန်မာ အစိုးရကို ထောက်ခံ အားပေး ကူညီ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger