www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 3, 2013

ဝန်ကြီးချုပ်ရာထူးမှ နှစ်ရက်အတွင်း ဆင်းပေးရန် ရှင်လပ်ရှင်နာဝပ် ရာဇသံပေးခံရ



ဘန်ကောက် ၊ ၃-၁၂-၂၀၁၃

ထိုင်းနိုင်ငံ ၏ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ များသည် ၀န်ကြီးချုပ် ရာထူးကို နှစ်ရက်အတွင်း ပြည်သူလူထု ထံ ပြန်လည် လွှဲပြောင်း ပေးရန် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ရင်လပ် ရှင်နာဝပ်ထရာ အား ရာဇသံ ပေး ပြောကြား ခဲ့သည်ဟု သိရသည်။

အဆိုပါ ပြောကြားချက် ကို ဒီမိုကရက် ဥပဒေပြု လွှတ်တော် အမတ်ဟောင်း တစ်ဦးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှ စ၍ ထိုင်းနိုင်ငံ အတွင်းရှိ အကြီးမားဆုံး ဆန္ဒပြမှု ကြီးများကို ဦးဆောင်ခဲ့သူ ဆူသပ်သောင် ဆူဘန် က ဒီဇင်ဘာ ၁ ရက် အစောပိုင်း တွင် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူ များသည် ပြည်သူလူထု အတွက် အောင်မြင်မှု တစ်ရပ် မရမချင်း စိတ်ကျေနပ်မှု ရှိမည် မဟုတ်ကြောင်း ၊ ရာဇသံပေး ပြောကြားချက် ကို လက်မခံ ပါက ဆန္ဒပြသူများ အနေဖြင့် မည်သည့် လှုပ်ရှားမှု များကို ထပ်မံ ပြုလုပ်မည် ဆိုခြင်းကို မသိနိုင်ကြောင်း ၊ ၄င်းနှင့် ရင်လပ် တို့၏ ယခု တွေ့ဆုံမှုသည် နောက်ဆုံး အကြိမ် ဖြစ်လိမ့်မည် ဖြစ်ကြောင်း ၊ ယင်း တွေ့ဆုံပွဲ သည် အုပ်စု နှစ်ခုကြားတွင် စေ့စပ် ညှိနှိုင်းခြင်း နှင့် အပေးအယူ လုပ်ခြင်း မဟုတ်ကြောင်း ဆူသပ် က ပြောကြား သည်။

ရင်လပ် နှင့် ဆူသပ် တို့နှစ်ဦး၏ တွေ့ဆုံမှု တွင် စစ်ဘက် အကြီးအကဲ တစ်ဦးဖြစ်သူ ပရာယုသ် ချန်အိုချာ အပါအ၀င် ထိုင်း တပ်မတော် မှ ခေါင်းဆောင် များအားလုံးက သက်သေများ အဖြစ် ပါဝင်ခဲ့ပြီး ယခုကဲ့သို့ ထိုင်းဘုရင့် တပ်မတော် မှ ခေါင်းဆောင်များ ပါဝင်ခဲ့ ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်နိုင်ဖွယ် ရှိသည်ဟု သိရှိရသည်။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger