www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, December 22, 2013

အရှေ့တောင်အာရှ နိုင်ငံများအနက် မြန်မာနိုင်ငံ သည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယနေရာတွင် ရှိနေ


ရန်ကုန် ၊ ၂၂-၂၁-၂၀၁၃

အရှေ့တောင် အာရှနိုင်ငံများ အနက် မြန်မာနိုင်ငံ သည် သဘာဝ ဘေးအန္တရာယ် ခံစားရမှု ဒုတိယ နေရာတွင် ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ သဘာဝ ဘေးအန္တရာယ် သတ်မှတ်ချက် တွင် ရေကြီးမှုများ ၊ မုန်တိုင်း ၀င်ရောက်မှု များ ၊ မီးလောင်မှု ဖြစ်စဉ်များ နှင့် ငလျင်ဒဏ် ခံစားရမှုများ ပါဝင်ကြောင်း ၊ ယင်း အခြေအနေ များတွင် ပထမ နေရာ၌ အင်ဒိုနီးရှား နိုင်ငံ ရှိနေပြီး ဒုတိယ နေရာတွင် မြန်မာနိုင်ငံ ရှိနေခြင်း ဖြစ်ကြောင်း ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများ ရှိလာပါက နိုင်ငံတော် အဆင့် ဆောင်ရွက်မှုများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှု ဟူ၍ ခွဲခြား ထားကြောင်း သိရသည်။

'' ကမ္ဘာ နဲ့ချီပြီး စာရင်း ပြုစုထား တာမျိုး မရှိပါဘူး။ အရှေ့တောင် အာရှမှာတော့ ဒုတိယ နေရာရှိနေ ပါတယ်။ ဒါကြောင့်လည်း ကြိုတင်  ကာကွယ်မှု ဆိုင်ရာတွေကို လုပ်နိုင်အောင် ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတကာ ကလည်း အကူအညီတွေ ပေးလျက် ရှိပါတယ် .... " ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေ ကို ၂ဝ၁၃ ခုနှစ် ဇူလိုင်လ အတွင်း၌ ပြဋ္ဌာန်း ခဲ့ပြီး ယင်းဥပဒေပါ အချက်များအရ သဘာဝ ဘေးအန္တရာယ် အများဆုံး ခံစားရသည့် ကလေးသူငယ် ၊ သက်ကြီး ရွယ်အို ၊ မသန်စွမ်း သူများ နှင့် အမျိုးသမီး များကို ဦးစားပေး ကူညီ စောင့်ရှောက်သွား ရမည်ဟု ထည့်သွင်း ထားကြောင်း ၊ ထို့အပြင် ကြီးမားသော သဘာဝ ဘေးအန္တရာယ် များကျ ရောက်လာ ပါက နိုင်ငံတော် အဆင့်မှ လုပ် ဆောင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အထိ ကိုးနှစ်တာ ကာလအတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်မှု ကြောင့် သေဆုံးသူ ၁၄ဝဝဝဝ ရှိခဲ့ပြီး ၂ဝ၁၂ - ၂ဝ၁၃ ခုနှစ်တွင် သဘာဝ ဘေးအန္တရာယ် (၄၁၈) ကြိမ် ဖြစ်ပွား ခဲ့ရာ ဘေးအန္တရာယ် ခံစားရသူ ၂၃၁၄၅၈၄ ဦး ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger