www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 5, 2013

စင်ကာပူမှ မြန်မာနိုင်ငံ သို့ အွန်လိုင်းမှ ငွေလွှဲဝန်ဆောင်မှုပေးရန် မြန်မာနိုင်ငံမှ ဘဏ်ငါးခုနှင့် ပူးပေါင်းဆောင်ရွက်မည်


ရန်ကုန် ၊ ၅-၁၂-၂၀၁၃

စင်ကာပူ နိုင်ငံမှ မြန်မာနိုင်ငံ သို့ အွန်လိုင်းမှ တစ်ဆင့် ငွေလွှဲပို့သည့် ၀န်ဆောင်မှု လုပ်ငန်း လုပ်ကိုင်ရန် စင်ကာပူ နိုင်ငံမှ Development Bank of Singapore ( DBS ) ဘဏ် ၊ Sing Post နှင့် မြန်မာနိုင်ငံ မှ ဧရာဝတီဘဏ် ၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် ၊ ကမ္ဘောဇဘဏ် ၊ ထွန်းဖောင်ဒေးရှင်း ဘဏ် ၊ သမ၀ါယမဘဏ် တို့ ပူးတွဲ ဆောင်ရွက် ကြမည် ဖြစ်ကြောင်း ဧရာဝတီဘဏ် မှ သိရသည်။

၎င်းလုပ်ငန်း မှာ စင်ကာပူ နိုင်ငံမှ ငွေလွှဲမည့် သူများ ဘဏ်သို့ သွားရောက်ရန် မလိုဘဲ မိုဘိုင်းလ်ဖုန်း ၊ အင်တာနက် ကွန်ရက်မှ တစ်ဆင့် လွှဲပြောင်း နိုင်မည့် အွန်လိုင်း ငွေလွှဲ ၀န်ဆောင်မှု လုပ်ငန်း ဖြစ်ကြောင်း သိရသည်။

၎င်းစနစ်ကို ကျင့်သုံးနိုင်ရန် DBS Bank တွင် ဖွင့်လှစ် ထားသော ငွေစာရင်းမှ တစ်ဆင့် ဧရာဝတီဘဏ် ရှိ ငွေလက်ခံသူ ဖွင့်လှစ် ထားသည့် ငွေစာရင်းကို လွှဲပြောင်း ပေးမည့် စနစ် ဖြစ်သောကြောင့် ငွေလွှဲသူသည် DBS တွင် ငွေစာရင်း ဖွင့်၍ ငွေလက်ခံသူ သည် ဧရာဝတီဘဏ် တွင် ငွေစာရင်း ဖွင့်ထား ရမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စင်ကာပူ နိုင်ငံပိုင် Sing Post က ပြည်တွင်းရှိ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ် ၊ ကမ္ဘောဇဘဏ် ၊ သမ၀ါယမဘဏ် တို့နှင့် ပူးပေါင်း၍ စင်ကာပူ - မြန်မာ အပြန်အလှန် ငွေလွှဲ လုပ်ငန်း လုပ်ကိုင်မည် ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger