www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 17, 2013

မန္တလေးတက္ကသိုလ် အကြိမ်(၅၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပမည်



မန္တလေး ၊ ၁၇-၁၂-၂၀၁၃

မန္တလေး တက္ကသိုလ် အကြိမ် (၅၀)မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား ကို လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်မှ ၁၉ ရက်နေ့ အထိ နံနက် ၉ နာရီတွင် မန္တလေး တက္ကသိုလ် ၊ ဘွဲ့နှင်းသဘင် ခန်းမကြီး ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနား တွင် မန္တလေး တက္ကသိုလ် က ကျင်းပခဲ့သည့် Ph.D ပါရဂူဘွဲ့ ၊ M.Res မဟာ သုတေသနဘွဲ့ ၊ မဟာ ၀ိဇ္ဇာဘွဲ့ ၊ မဟာ ဥပဒေဘွဲ့ ၊ Dip: E.L.T အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာဘွဲ့ ၊ DTSM ခရီးသွား လုပ်ငန်း ပညာနှင့် စီမံခန့်ခွဲမှု ပညာ ဒီပလိုမာဘွဲ့ (၂/၂၀၁၂) ၊ DBL စီးပွားရေး ဥပဒေ ဒီပလိုမာဘွဲ့ (၁၁/၂၀၁၂) ၊ DIL အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာဘွဲ့ (၁/၂၀၁၂) ၊ DOS အရှေ့တိုင်း ပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ (၁/၂၀၁၂) ၊ DIR နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ (၁/၂၀၁၂) စာမေးပွဲ များကို ဖြေဆို အောင်မြင် ခဲ့ကြပြီး ဘွဲ့နှင်းသဘင် အခမ်းအနား သို့ တက်ရောက် ဘွဲ့ယူရန် လျှောက်ထား ကြသူများအား ဘွဲ့ ၊ ဒီပလိုမာဘွဲ့ များကို အပ်နှင်း ချီးမြှင့် သွားမည် ဖြစ်သည်။ 

ဘွဲ့နှင်းသဘင် အခမ်းအနား တက်ရောက် ဘွဲ့ယူ ကြမည့် သူများအားလုံး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပမည့် အစမ်း လေ့ကျင့်ပွဲ သို့ မပျက်မကွက် တက်ရောက် ကြရမည် ဖြစ်ပြီး ဘွဲ့နှင်းသဘင် ဘွဲ့ဝတ်စုံများ ငှားရမ်းခွင့် ထောက်ခံစာ နှင့် အစမ်း လေ့ကျင့်ပွဲ တက်ရောက်ခွင့် ပြုသည့် လက်မှတ် များကို ဇန်န၀ါရီလ ၁၄ ရက်မှ စ၍ မန္တလေး တက္ကသိုလ် (ပင်မ) စာမေးပွဲ နှင့် ဘွဲ့နှင်းဌာန တွင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger