www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 3, 2013

မြန်မာကို ကမ္ဘာကသိအောင် စွမ်းဆောင်


မြန်မာကို ကမ္ဘာကသိအောင် စွမ်းဆောင်

အယ်ဒီတာ့အာဘော်
( ၃-၁၂-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ပွင့်လင်း လွတ်လပ်သော လူ့အဖွဲ့ အစည်း ဖြစ်ပေါ် လာရေး အတွက် လက်ရှိ ရရှိထားသော နိုင်ငံရေး အပြောင်းအလဲ များနှင့် ဖြစ်စဉ်များ ဆက်လက် ရှင်သန်ရေး နှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၁ ရက်တွင် ရေဒီယိုမှ တစ်ဆင့် ပြည်သူများ သို့ မိန့်ခွန်း ပြောကြားသည်။

ပြည်သူလူထု အများစု လိုလားသည့် ဒီမိုကရေစီ စနစ် ပီပြင်စွာ ပေါ်ပေါက် လာစေရေး အမျိုးသား စည်းလုံး ညီညွတ်မှုအား နှင့် တည်ဆောက် ကြရန် နှိုးဆော်လိုက်ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံတော် သမ္မတ က ပြောကြား ရာ၌ '' အားကစား ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကြီးကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းမှာ ကျင်းပ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၄၄ နှစ်ကြာပြီးမှ ကျင်းပ ပြုလုပ်ခွင့် ရခဲ့တဲ့အတွက် ကျွန်တော် တို့ နိုင်ငံသား အားလုံး '' ငါတို့လုပ် နိုင်တယ် '' လို့ ဂုဏ်ယူ ကြရမှာ ဖြစ်ပါတယ်။အဝေးကနေ လာရောက် ကြတဲ့ မိမိတို့ရဲ့ အာဆီယံ မိသားစုဝင် အားကစား သမားတွေကို ကူညီကြဖို့ ၊ ကာကွယ် စောင့်ရှောက် ကြဖို့ မိမိတို့မှာ တာဝန်ရှိ ပါတယ်။ ကူညီေ စာင့်ရှောက် ပေးကြဖို့နဲ့ အားကစား ပြိုင်ပွဲများမှာ နိုင်ငံကြီးသား ပီသစွာ မျှမျှတတ အားပေးကြဖို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် '' ဟု ပြောကြား ခဲ့သည်။

မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင် ခဲ့သည့် သာဓက တစ်ခုကို မြန်မာ - အမေရိကန် ချစ်ကြည်ရေး တောင်တက် အသင်းက စွမ်းဆောင် ခဲ့သည်။ အရှေ့တောင် အာရှ နိုင်ငံများတွင် ရေခဲ ဖုံးလွှမ်းသော နေရာသည် မြန်မာ နိုင်ငံ ကချင်ပြည်နယ် ၌သာ ရှိသည်။ ကချင်ပြည်နယ် မှ အမြင့်ပေ ၁၈ဝဝဝ ရှိသော ဂမ်လန်ရာဇီ တောင်ထိပ်သို့ မြန်မာ - အမေရိကန် ချစ်ကြည်ရေး တောင်တက် အသင်းသည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီ တွင် အောင်မြင်စွာ တက်ရောက် ခဲ့ကြပြီး နှစ်နိုင်ငံ အလံများ လွှင့်ထူခဲ့ ကြသည်။ ဤ အောင်မြင်မှု သည် မြန်မာ - အမေရိကန် ချစ်ကြည်ရေး ကို တိုးတက်စေပြီး မြန်မာ့အလှ နှင့် မြန်မာ့ ပတ်ဝန်းကျင် အား ကမ္ဘာသိ အောင် စွမ်းဆောင် နိုင်ခဲ့ခြင်း ပင်ဖြစ်သည်။ လူသားတို့ ခြေမချခဲ့ဖူး သေးသည့် အပြင် ဆိုးရွားသော ရာသီဥတု နှင့် အခက်အခဲများ ကြားမှ ပထမဆုံး အကြိမ် ဇွဲသတ္တိ ရှိရှိဖြင့် စွန့်စား တက်ရောက်ခဲ့ ကြသည့် အောင်မြင်မှု ဖြစ်သည်။ 

တောင်တက်ခြင်း သည် တစ်ဦးနှင့် တစ်ဦး ၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ယှဉ်ပြိုင် အနိုင်ယူရ သည့် အားကစားနည်း မဟုတ် သော်လည်း တစ်ဦးချင်းက ဇွဲ ၊ လုံ့လ ၊ ဝီရိယ စိုက်ထုတ်၍ အဖွဲ့လိုက် စုစည်း ညီညွတ်မှုဖြင့် အပြန်အလှန် ကူညီ ထောက်ပံ့ကာ ရည်မှန်းချက် ပန်းတိုင် တောင်ထိပ်သို့ ရောက်အောင် ကျားကုတ် ကျားခဲ တက်ကြရခြင်း ဖြစ်သည်။

သို့ဖြစ်၍ (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးတွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် အားကစား သမားများသည် တောင်တက် အဖွဲ့၏ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လှုပ်ရှားမှု များအား နမူနာ ယူ၍ ပြိုင်လျှင် နိုင်ရမည် ၊ မြန်မာဆိုလျှင် နိုင်ရမည် ဟူသော စိတ်ဓာတ် ထားကာ စည်းကမ်း သေဝပ်မှု ၊ ချစ်ခင် ရင်းနှီးမှု ၊ စိတ်ဓာတ် ကောင်းမွန်မှု ပုံရိပ် ဖော်ဆောင်ပြီး မြန်မာကို ကမ္ဘာသိအောင် စွမ်းဆောင် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger