www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 7, 2013

မီးလောင်ကျွမ်းမှုများ ဖြစ်ပွားလျှင် သိရှိနိုင်စေမည့် ၃၆ ဆချဲ့နိုင်သည့် ကင်မရာ တပ်ဆင်



မန္တလေး ၊ ၇-၁၁-၂၀၁၃

မန္တလေး ခရိုင်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လျှင် အလျင်အမြန် သိရှိစေရန် အတွက် မန်းမြန်မာ ပလာဇာပေါ်တွင် ၃၆ ဆချဲ့နိုင်သော ကင်မရာတစ်ခု ကို အောက်တိုဘာလ မှ စတင် တပ်ဆင် ထားရှိကြောင်း တိုင်းဒေသကြီး မီးသတ် ဦးစီးဌာန မှ သိရသည်။ (ပုံ)

'' မန္တလေးတိုင်း ဒေသကြီး ရုံးမှာရှိတဲ့ မီးသတ် မျှော်စင် ကနေ မန္တလေး တစ်မြို့လုံးကို ကြည့်ရှုနိုင်ဖို့ မဖြစ်နိုင်တဲ့ အတွက် ကင်မရာ တစ်လုံးကို ၂၀၁၁ ခုနှစ်က တပ်ဆင် ခဲ့ပါတယ် ၊ အခုတော့ အရင်က တပ်ဆင် ထားတဲ့ ကင်မရာ ထက်ပိုပြီး အနီးကပ် ဆွဲလို့ရတဲ့ ၃၆ ဆချဲ့နိုင်တဲ့ ကင်မရာကို တပ်ဆင်တာ ဖြစ်ပါတယ်။ ၃၆ဝ ဒီဂရီ လှည့်လို့ ရပါတယ် .. .. . '' ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မီးငြှိမ်းသတ်မှု များကို သတင်းပေး ရာတွင် သေချာခြင်းရှိ ၊ မရှိ ကြည့်ရှုနိုင်ရန် မီးလောင်ကျွမ်းသည့် ပမာဏကို သိရှိနိုင်ရန် လိုအပ်ချက် အလိုက် မီးသတ်ယာဉ် စီးရေ သွားရောက်မှု ပြုလုပ်နိုင်ရန် တို့အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိ ကင်မရာများ တပ်ဆင်ခြင်း အပြင် မီးငြှိမ်းသတ် ရာတွင် အဓိကကျသော ရေငုတ်တိုင်များ ကိုလည်း တိုးချဲ့ ထားရှိသွားရန် မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် ပူပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ အရန် မီးသတ် အင်အားမှာ လက်ရှိ အချိန်တွင် မြို့နေ လူထုနှင့် အချိုးကျ ကြည့်လျှင် မကိုက်ညီ သေးသဖြင့် အရန် မီးသတ် တပ်ဖွဲ့များ တိုးမြှင့် လာစေရန် အတွက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ လုပ်ဆောင်ချက် များအပြင် မန္တလေးမြို့ တွင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လျှင် အကူပေါက်များ ၊ အလိုအလျောက် ရေဖျန်းသည့် စနစ်များ ၊ ကယ်ပေါက်များ ကို တိုက်တာ ၊ အဆောက်အအုံ အသစ်များ တည်ဆောက်လျှင် ထည့်သွင်း သွားနိုင်ရန် အတွက် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ၊ ဓာတ်လှေကား များတပ်ဆင် ရာတွင်လည်း အရေးပေါ် နေရာတွင် ဆင်းသက်မှုများ ပါဝင်သည့် ERT စနစ် ထည့်သွင်း ဖို့ကိုလည်း လုပ်ဆောင် နေကြောင်း နှင့် မီးသတ် ဆေးဘူးများကို လည်း တစ်အိမ် တစ်ဘူးနှုန်း ထားရှိနိုင်ရန် အတွက်လည်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger