www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 4, 2013

ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရန် မော်တော်ယာဉ်များ ထွက်ခွာ



မြစ်ကြီးနား ၊ ၄-၁၁-၂၀၁၃

ကချင်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီမှ ကြီးမှူး၍ ကချင်ပြည်နယ် အတွင်း လတ်တလော နယ်မြေ လုံခြုံရေး အခြေအနေ အရ မန်စီမြို့မှ ဗန်းမော်မြို့သို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့ ရောက်ရှိ လာသော ဒေသခံ ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ရန် မြစ်ကြီးနားမြို့ ပြည်နယ် ကြက်ခြေနီရုံး မှ နိုဝင်ဘာ ၂ ရက် နံနက် ၈ နာရီခွဲ တွင် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင် ထားသည့် မော်တော်ယာဉ်များ စတင် ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။


ထိုသို့ ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ရန် ပို့ဆောင်ရာတွင် ပြည်နယ် ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ် ဦးစီးမှူး ဦးစံကုန်း နှင့် ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီရုံးမှ တာဝန်ရှိ သူများ ပူးပေါင်း၍ ဗန်းမော်မြို့နယ် အတွင်း ကယ်ဆယ်ရေး စခန်း(၃)ခုမှ အိမ်ထောင်စု ၁၁၁ စုနှင့် မန်စီမြို့နယ် ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စု ၂၉ စု စုစုပေါင်း အိမ်ထောင်စု ၁၄ဝ စုအတွက် Family kitchen set  ၊ Sanitary kit ၊ Dignity kit (၁၄ဝ)စုံနှင့် ကျောင်းသား ကျောင်းသူ (၁၈၁) ဦးအတွက် Student kit (၁၈၁)စုံအား မော်တော်ယာဉ် (၃)စီးဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger