www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 3, 2013

ဂျာမနီနှင့် အမေရိကန်နိုင်ငံ တို့အကြား လျှို့ဝှက် ထောက်လှမ်းမှု မပြုလုပ်ရေး သဘောတူညီချက် တစ်ရပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုးမည်


ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ် လာမာကယ်လ်
ဘာလင် ၊ ၃-၁၁-၂ဝ၁၃

အမေရိကန် နိုင်ငံ၏ လျှို့ဝှက် ထောက်လှမ်းမှု ကိစ္စရပ်၏ အကျိုးဆက် တစ်ရပ်အဖြစ် ဂျာမနီနှင့် အမေရိကန် နိုင်ငံတို့သည် နှစ်နိုင်ငံ အစိုးရနှင့် နိုင်ငံသား တို့အပေါ် အပြန်အလှန် လျှို့ဝှက် ထောက်လှမ်းမှု  မပြုလုပ်ရေး သဘော တူညီချက် တစ်ရပ်ကို ၂ဝ၁၄ ခုနှစ်တွင် လက်မှတ် ရေးထိုးရန် စီစဉ်ထားကြောင်း ဂျာမန် သတင်းစာ တစ်စောင်တွင် ရေးသား ဖော်ပြထားကြောင်း ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။ 

ဂျာမနီနှင့် အမေရိကန် တာဝန်ရှိ သူများသည် ယခုရက် သတ္တပတ် အစောပိုင်းတွင် အိမ်ဖြူတော် ၌ ဆွေးနွေးပွဲများ ပြုလုပ် ခဲ့ပြီးနောက် ထိုကဲ့သို့ ကနဦး သဘောတူ ညီချက် ထွက်ပေါ် လာခြင်း ဖြစ်ကြောင်း သိရသည်။ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျယ် လာမာကယ်လ် ၏ ဆဲလ်ဖုန်းကို အမေရိကန် နိုင်ငံက ကြားဖြတ် ဖမ်းယူ နားထောင် ခဲ့သည် ဟူသော စွပ်စွဲချက်များ ပေါ်ထွက် လာခဲ့ပြီးနောက် မာကယ်လ် သည် အဆိုပါ ကိစ္စရပ် ၏ အကြောင်းအရင်း ဇစ်မြစ်ကို ဖော်ထုတ်ရန် နှင့် စွပ်စွဲချက်များ နှင့် ပတ်သက်၍ ဖြေရှင်းချက် ရယူရန် ဂျာမနီ တာဝန်ရှိ သူများကို အမေရိကန် နိုင်ငံသို့ စေလွှတ် ခဲ့သည်။

အဆိုပါ သဘောတူ ညီမှုသည် အမေရိကန် ၏ လျှို့ဝှက် ထောက်လှမ်းရေး နှင့် ပတ်သက်သည့် စိုးရိမ် ပူပန်မှု များကို ပြေပျောက် စေရန်အတွက် သာဖြစ်ပြီး ဥရောပ နိုင်ငံများ အပေါ် ¤င်း၏ ကျယ်ပြန့်သော ထောက်လှမ်းမှု များကို ပြောင်းလဲ လိမ့်မည် မဟုတ်ကြောင်း ပါလီမန် အဖွဲ့ဝင် တစ်ချို့က ပြောကြား ခဲ့သည်။


အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ သည် ပြင်သစ်နှင့် စပိန် နိုင်ငံ တို့ရှိ သန်းပေါင်း များစွာသော ဖုန်းခေါ်ဆိုမှု များနှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ် လာမာကယ်လ် ၏ ဆက်သွယ်ရေး စနစ်များကို စောင့်ကြည့် ထောက်လှမ်း ခဲ့သည်ဟု မီဒီယာများ၏ ထုတ်ပြန် ကြေညာခဲ့မှု များအပေါ် ဥရောပရှိ အမေရိကန် ၏ မဟာမိတ် နိုင်ငံများ အနေဖြင့် အုတ်အော် သောင်းနင်း ဖြစ်ပွားလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger