www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 24, 2013

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ် စေတနာ့ဝန်ထမ်းများအဖွဲ့ အစည်းများသို့ ထောက်ပံ့ကြေးငွေများ ပေးအပ်ပွဲကျင်းပ



တောင်ကြီး ၊ ၂၄-၁၁-၂ဝ၁၃

လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ဦးစီးဌာန ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင် ၊ လင်းခေးခရိုင် များမှ စေတနာ့ ဝန်ထမ်း အဖွဲ့များအား ထောက်ပံ့ ကြေးငွေ ပေးအပ်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီက တောင်ကြီး မြို့တော်ခန်းမ ၌ ကျင်းပ ပြုလုပ်ရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် က တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင် ၊ လင်းခေးခရိုင် များမှ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း များသို့ ထောက်ပံ့ ကြေးငွေ ပေးအပ်ရခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည် ။ ဆက်လက်၍ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က   ရှမ်းပြည်နယ် အတွင်း စေတနာ့ ဝန်ထမ်း အခြေခံ ပညာကျောင်း များနှင့် မသန်စွမ်း ကျောင်းများ ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 

ထို့နောက် ၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင် တို့မှ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း များသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တို့က ထောက်ပံ့ကြေး ပေးအပ်ရာ တာဝန်ရှိ သူများက လက်ခံ ရယူကြသည် ။ အဆိုပါ ထောက်ပံ့ ကြေးမှာ တောင်ကြီးခရိုင် ၊ လွိုင်လင်ခရိုင် ၊ လင်းခေးခရိုင် ၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ နှင့် စေတနာ့ ဝန်ထမ်း အဖွဲ့အစည်း များကို ပေးအပ်ရာ ထောက်ပံ့ကြေး မှာ (၁၅၂၁) သိန်း (၈) သောင်း (၆) ထောင်ကျပ် ကို ပေးအပ်ခဲ့သည်။ 



အဆိုပါ အခမ်းအနား သို့ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များ ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ၊  ပြည်နယ် လွှတ်တော် ဥက္ကဌနှင့် ဝန်ကြီးများ ၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ် အဆင့် ဌာနဆိုင် ရာများ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ စေတနာ့ ဝန်ထမ်းများ ၊ လူမှုရေး အသင်းအဖွဲ့များ ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger