www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 7, 2013

တရုတ် နှင့် ထိုင်းနိုင်ငံတို့ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ရန် ကတိပြု


ဘာလီ ၊ ၇-၁၀-၂၀၁၃

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် တို့သည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေး၊ တရုတ်နှင့် ထိုင်းနိုင်ငံ တို့အကြား အပြန်အလှန် ဆက်ဆံရေး များ ပိုမိုခိုင်မာ လာစေရန် ကတိပြုရေး အတွက် အောက်တိုဘာ ၆ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တရုတ်နှင့် ထိုင်းနိုင်ငံ တို့၏ဆက်ဆံမှု များသည် ခိုင်မာသည့် အခြေခံ အုတ်မြစ် ၊ ကြီးမားသော ဖွံ့ဖြိုး တိုးတက်မှု အလားအလာ ၊ ကောင်းမွန်သည့် အလားအလာ များကို ခံစားရရှိ စေကြောင်း အာရှ - ပစိဖိတ် ဒေသ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့( APEC ) အစည်းအဝေး မစတင်မီ ယင်လပ်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်စဉ် အတွင်း ရှီကျင့်ဖျင် က ထုတ်ဖော် ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် ထိုင်းနိုင်ငံ နှင့်အတူ ရင်းနှီးစွာ ဆက်ဆံမှု ပြုလုပ်ရသည့် အတွက် များစွာ တန်ဖိုးထား မိပါကြောင်း ၊ ထိုင်းနိုင်ငံကို ဒေသတွင်း၌ ထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် နိုင်ငံအဖြစ် မှတ်ယူ ထားကြောင်း ၊ မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်ရေး နှင့် ရေ အရင်းအမြစ် ထိန်းသိမ်းရေး ဆိုင်ရာ အခြေခံ အဆောက်အအုံ များသည် ဒေသတွင်း ပေါင်းကူး ဆက်သွယ်ရေး ၊ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ထိုင်းပြည်သူ တို့၏ ချမ်းသာ ကြွယ်ဝရေး နှင့်သက်ဆိုင် သည့် အရေးပါသော စီမံကိန်း လုပ်ငန်းများ ဖြစ်ကြောင်း ၊ အဆိုပါ စီမံကိန်း လုပ်ငန်းများကို အလေးထား ဆောင်ရွက် သင့်ကြောင်း ၊ ၄င်းစီမံကိန်း လုပ်ငန်း များသည် တရုတ် - ထိုင်း မိတ်ဖက် ဆက်ဆံမှု၏ လက္ခဏာရပ် များဖြစ်လာ နိုင်ကြောင်း ရှီ က ပြောကြား ခဲ့သည်။


ထိုင်းနိုင်ငံ အနေဖြင့် ကုန်သွယ်ရေး ၊ စီးပွားရေး ၊ ရင်းနှီးမြှုပ်နှံရေး နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး စသည့် ကဏ္ဍရပ် များတွင် တရုတ်နိုင်ငံ နှင့်အတူ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာ လာစေရန် မြန်နှုန်းမြင့် မီးရထားလမ်း တည်ဆောက်ရေး နှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေး ဆိုင်ရာ စီမံကိန်း လုပ်ငန်းတွင် ထိထိ ရောက်ရောက် ဆောင်ရွက်ရေး အတွက်လည်း မျှော်လင့် ပါကြောင်း ယင်လပ်က ပြန်လည် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger