www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 3, 2013

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း သံတွဲမြို့နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ကျေးရွာများအား သွားရောက် ကြည့်ရှု စစ်ဆေး



သံတွဲ ၊ ၃-၁၀-၂၀၁၃

ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်မှု အကောင် အထည်ဖော်ရေး လုပ်ငန်းများကို လှည့်လည် စစ်ဆေးသည့် နိုင်ငံတော် သမ္မတခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း သည် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း ၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုနိုင် ၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တို့နှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သံတွဲမြို့နယ် သဗြုချိုင် ကျေးရွာ ၊ ပေါက်တော ကျေးရွာ ၊ မဲကျွန်းကျေးရွာ ၊ ကျောက်ကြီး ကျေးရွာနှင့် ကျီးကန်းရဲ ကျေးရွာတို့ကို လှည့်လည် သွားရောက်ပြီး အကြမ်းဖက်မှု ကြောင့် နေအိမ်အချို့ ပျက်စီးမှု အခြေအနေ များကို ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်ကြီး လှဌေးဝင်း နှင့် အဖွဲ့သည် သဗြုချိုင် ကျေးရွာတွင် နေအိမ်များ မီးလောင် ဆုံးရှုံးခဲ့သည့် နှစ်ဖက်အဖွဲ့ အစည်းမှ ဒေသခံများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားကာ ဖြစ်စဉ် အခြေအနေ များကို မေးမြန်း ဆွေးနွေးခဲ့သည်။


ဒေသခံများက ၄င်းတို့၏ အခြေအနေနှင့် လိုအပ်ချက် များကိုတင်ပြရာ ဗိုလ်ချုပ်ကြီး လှဌေးဝင်း က တည်ငြိမ် အေးချမ်းရေး ၊ တရား ဥပဒေ စိုးမိုးရေး နှင့် ပြန်လည် နေရာချထားရေး တို့ကို ထိထိ ရောက်ရောက် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ကြောင်း ၊ ဒေသခံများ ၏ တင်ပြချက် အပေါ် အလေးထား ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ပြောကြားကာ မိသားစုအသုံး အဆောင် ပစ္စည်းများ ၊ ယာယီ လူနေတဲ များကို ထောက်ပံ့ ပေးအပ်ရာ ဒေသခံများ ကိုယ်စား ရပ်မိရပ်ဖများက လက်ခံ ရယူ ခဲ့ကြောင်း နှင့် သံတွဲမြို့နယ် အခြေအနေမှာ ပုံမှန် တည်ငြိမ် အေးချမ်းလျက် ရှိကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger