www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 4, 2013

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ နှင့် ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေး ဆိုင်ရာ အသိုက်အဝန်း တစ်ရပ် ထူထောင်ရန် တရုတ်နိုင်ငံက တိုက်တွန်းပြောကြား


ပေကျင်း ၊ ၄-၃-၂၀၁၃

တရုတ်နိုင်ငံ အနေဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေးများ နှင့် ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေး ဆိုင်ရာ အသိုက်အဝန်း တစ်ရပ် ထူထောင် လိုကြောင်း အောက်တိုဘာ ၃ ရက်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းတစ်ရပ် အရ သိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် သည် အင်ဒိုနီးရှား နိုင်ငံသို့  ၂ ရက်ကြာ အလည်အပတ် ခရီးရောက်ရှိ နေပြီး အဆိုပါ ခရီးစဉ်သည် ၄င်းသမ္မတအဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့သည့် ၂ဝ၁၃ ခုနှစ် မတ်လမှစ၍ ပထမဆုံး အကြိမ်မြောက် အရှေ့တောင် အာရှ ခရီးစဉ် ဖြစ်သည်။

တရုတ်နိုင်ငံ အနေဖြင့် အင်ဒိုနီးရှား နိုင်ငံ အပါအဝင် အခြားသော အာဆီယံ အဖွဲ့ဝင် နိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံကောင်းများ ဖြစ်လာစေရေး ၊ ချစ်ကြည် ရင်းနှီးမှု ရှိစေရေး နှင့် မိတ်ဖက်နိုင်ငံများ ဖြစ်လာစေရေး အတူတကွ ကြိုးပမ်း ဆောင်ရွက်ရန် နှင့် နီးကပ်သည့် ဘုံအကျိုးစီးပွား ဖြစ်ထွန်းရေး ဆိုင်ရာ တရုတ် - အာဆီယံ အသိုက်အဝန်း တစ်ရပ်ကို ပူးတွဲ ထူထောင်ရန် လိုလားပါကြောင်း ရှီကျင့်ဖျင် က အင်ဒိုနီးရှား ဥပဒေပြု အမတ်များကို ပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ်တွင် ပိုင်နက် နယ်မြေဆိုင်ရာ အချုပ်အခြာ အာဏာ နှင့် ရေကြောင်း သွားလာရေး ဆိုင်ရာ အခွင့်အလမ်းများ အပေါ် တရုတ်နိုင်ငံ နှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချို့ အကြား သဘောထား ကွဲလွဲမှုများ နှင့် အငြင်းပွားမှုများ ရှိနေသည်ကို လက်ခံပါကြောင်း နှင့် အဆိုပါ သဘောထား ကွဲလွဲမှုများ နှင့်ပတ်သက်၍ ငြိမ်းချမ်းသော ဖြေရှင်းမှု တစ်ရပ် ပြုလုပ်သွားရေး အတွက် ဖိတ်ခေါ်ပါကြောင်း ¤င်းက ပြောကြားခဲ့သည်။


ထို့အပြင် နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် ဆက်ဆံရေးများ နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်း ကာကွယ်ရန် ချစ်ကြည် ရင်းနှီးစွာ စေ့စပ်ညှိနှိုင်းမှု နှင့် ဆွေးနွေးမှုများ မှတစ်ဆင့် အဆိုပါ ကိစ္စရပ်များ အား စနစ်တကျ ကိုင်တွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို တစ်စိုက်မတ်မတ် ဆောင်ရွက် သွားသင့်ကြောင်း ¤င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger