www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 7, 2013

အယ်လ်ရှာဘတ် စစ်သွေးကြွ များ၏ စခန်းကို ၀င်တိုက်ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် အတည်ပြု ပြောကြား


ဝါရှင်တန် ၊ ၇-၁၀-၂၀၁၃

မကြာသေးမီက ဖြစ်ပွား ခဲ့သော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့ သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်ကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာလ ၅ ရက်က ဆိုမာလီ နိုင်ငံရှိ အဆိုပါ စစ်သွေးကြွ အဖွဲ့၏ စခန်းကို ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာတွင် အမေရိကန် စစ်ဘက် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဂျော့ခ်ျလစ်တဲလ် က အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန် Navy SEALs တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သတင်း မီဒီယာ များ၏ အစောပိုင်း ထုတ်ပြန်ချက် များတွင် ပြောကြားခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင် များသည် ၄င်းတို့ ပစ်မှတ်ထား သူအား သတ်ဖြတ် နိုင်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြု နိုင်ခင် တန်ပြန် ပစ်ခတ်ခံရမှု များကြောင့် ပြန်လည် ဆုတ်ခွာလာ ခဲ့ကြကြောင်း နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက် ဒဏ်ရာရ ရှိမှု မရှိကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger