www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 3, 2013

လွတ်လပ်စွာ ကုန်စည်စီးဆင်းမှု အတွက် ၂၀၁၈ ခုနှစ်တွင် အခွန် ၁၀၀ ရာခိုင်နှုန်း လျော့ချပေးမည်


ရန်ကုန် ၊ ၃-၁၀-၂၀၁၃

မြန်မာနိုင်ငံ အတွင်း ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက် လာခြင်းနှင့် အတူ အာဆီယံ စီးပွားရေး အသိုက်အဝန်း ပုံစံအတိုင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းနိုင်ရေး အတွက် နှစ်အလိုက် အခွန် လျှော့ချမှုတွင် ၂ဝ၁၈ ခုနှစ်၌ ၁ဝဝ ရာခိုင်နှုန်း အခွန်လျှော့ချ ပေးမည် ဖြစ်ကြောင်း အကောက်အခွန် ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။

လက်ရှိ မိုးရာသီ ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် မြစ်ရေလျှံမှုများ ဖြစ်ပွားပြီး ထိုင်းနိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်းများ အပါအ၀င် မူဆယ် နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု လျော့ကျ ခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှ စတင်၍ ကုန်သွယ်မှု ပြန်လည် ကောင်းမွန်လာခြင်း ဖြစ်ကြောင်း တရားဝင် ကုန်သွယ်မှုများ ကောင်းမွန် စေရေး နှင့် မှောင်ခို ကုန်သွယ်မှု ပပျောက်ရေး အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

'' နှစ်အလိုက် လျှော့ချ ပေးနေတာ ကုန်ပစ္စည်းတွေ တရားဝင် တင်သွင်းမှု ပိုလာစေရေး အတွက်ပါ ၊ လက်ရှိကတော့ ကုန်စည် စီးဆင်းမှု အပေါ်မှာ လိုက်ပြီး အခွန်လျှော့ပေး နေပါတယ် .. .. '' ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

ထို့အပြင် နှစ်အလိုက် အခွန်လျှော့ချ မှုများသည် ၂ဝ၁၂ ခုနှစ်တွင် ကုန်ပစ္စည်း အခွန် ၈ဝ ရာခိုင်နှုန်း ၊ ၂ဝ၁၅ ခုနှစ်တွင် ကုန်ပစ္စည်း အခွန် ၉၃ ရာခိုင်နှုန်းနှင့် ၂ဝ၁၈ ခုနှစ်တွင် ကုန်ပစ္စည်း အားလုံး အတွက် အခွန် ၁ဝဝ ရာခိုင်

နှုန်း လျှော့ချ ပေးမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှု ကောင်းမွန် စေရေးအတွက် ယခုနှစ်အတွင်း အဓိကကျသော ထိုင်းနိုင်ငံ ၊ တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်များ၌ နယ်စပ် ကုန်သွယ်ရေး စခန်းများ ထပ်မံ တိုးချဲ့ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ လက်ရှိ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံကျော် ရရှိရန် လျာထားခဲ့ပြီး နယ်စပ် ကုန်သွယ်မှု မှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထား ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger