www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 24, 2013

အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ နည်းပညာ ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ



နေပြည်တော် ၊ ၂၄-၁၀-၂၀၁၃

(၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ နည်းပညာ ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်း တွင် (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည့် ပြင်ဦးလွင်မြို့ ၊ AARM Village ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြု လုပ်ရာ (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်( ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဗဟို ဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ဇာနည်ဝင်း ၊ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း ၊ နိုင်ငံများမှ သေနတ်ပစ် အသင်း ခေါင်းဆောင်များ နှင့် တာဝန်ရှိ သူများ တက်ရောက် ကြကြောင်း သိရသည်။

ရှေးဦးစွာ (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ဗဟိုဦးစီး ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ဇာနည်ဝင်း က နှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထို့နောက် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း က အစည်းအဝေး အဖွင့် အမှာစကား ပြောကြားကာ စက်ပစ်ကွင်း နှင့် ပတ်သက်၍ တာဝန် ထမ်းဆောင်မည့် သူများ ၊ နိုင်ငံအလိုက် အသင်း ခေါင်းဆောင်များ နှင့် အဖွဲ့ဝင် များက နိုင်ငံ အက္ခရာစဉ် လိုက် မိတ်ဆက် ကြသည်။

အစည်းအဝေး တွင် အာဆီယံ စက်ပစ်ကွင်း တည်မြဲအမိန့် များ ၊ ခုံသမာဓိ ဒိုင်များ၏ တာဝန်ခွဲဝေ ချထားမှုများ ၊ ကြားနေဒိုင် များ၏ တာဝန် ခွဲဝေ ချထားမှုများ ၊ ပြိုင်ပွဲဝင် စည်းမျဉ်း စည်းကမ်း စာအုပ်တွင် ပါရှိသည့် အချက်များ နှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်းမှုများ နှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်း ကြသည်။


အစည်းအဝေး အပြီးတွင် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် တင်မောင်ဝင်း က နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေး ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။ (၁၀၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger