ရန်ကုန် ၊ ၁၃-၉-၂၀၁၃
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား
ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး နှင့် ငွေဆောင် တို့ရှိ အားကစားကွင်း
အားကစားရုံ အသီးသီး မှ IBC သို့ Fiber ဆက်ကြောင်း သို့မဟုတ် ဂြိဟ်တု ဆက်ကြောင်း ဖြင့်
ရုပ်သံ ပေးပို့ခြင်း ၊ IBC မှ ပြည်ပ Broadcast Station များသို့ Upling ပြုလုပ်ခြင်း
၊ IBC မှ ပြည်တွင်း Broadcaster များသို့ ရုပ်သံ အစီအစဉ်များ ပေးပို့ခြင်း တို့ကို
မြန်မာ့အသံ နှင့် ရုပ်မြင် သံကြားမှ တာဝန်ယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရိုက်ကူး ထုတ်လုပ် ရာတွင် မြန်မာ့အသံ
နှင့် ရုပ်မြင် သံကြားမှ အားကစားနည်း ၁၂ မျိုး ၊ Forever Group မှ အားကစားနည်း ၁၁ မျိုး
နှင့် ရွှေသံလွင် မှ အားကစားနည်း ၁၆ မျိုးတို့ကို ရိုက်ကူး ထုတ်လုပ် သွားမည် ဖြစ်သည်။
Live ထုတ်လွှင့် ပြသမည့် အားကစားနည်း
၁၉ မျိုးနှင့် ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား ၂ မျိုး စုစုပေါင်း ၂၁ မျိုးအနက် ဘောလုံး
အားကစားနည်း တစ်မျိုးကို MRTV, Forever Group နှင့် ရွှေသံလွင် တို့ ၃ ဖွဲ့လုံးမှ ရိုက်ကူး
ထုတ်လွှင့်မည် ဖြစ်ပြီး ဖွင့်ပွဲ ၊ ပိတ်ပွဲ အခမ်းအနား နှင့် အားကစား နည်း ၂ မျိုး စုစုပေါင်း
၎ မျိုးကို မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား မှ Live ထုတ်လွှင့် မည် ဖြစ်ကြောင်း သိရှိရသည်။
(၀န်းရံခ)
No comments:
Post a Comment