www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, September 7, 2013

တရုတ်ကြက်ငှက် တုတ်ကွေးဂယက် ကြောင့် မြန်မာ့ ကြက်မွေးမြူရေး ဈေးကွက်မငြိမ်


ရန်ကုန် ၊ ၇-၉-၂၀၁၃

တရုတ်နိုင်ငံ အတွင်း ကြက်ငှက် တုတ်ကွေး ရောဂါပိုး ရှိသည့် ကြက်ပေါက်များ တွေ့ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ် ခဲ့ပြီးနောက် ယင်း အကျိုးဆက် အနေဖြင့် မြန်မာ့ မွေးမြူရေး အသားတိုးကြက် ဈေးနှုန်းများ မငြိမ်မသက် ဖြစ်နေကြောင်း တာမွေမြို့နယ် ကြက် ၊ ဘဲ ဈေးအတွင်း မှ သိရသည်။

" ကြက်ဈေးက တက်လိုက် ကျလိုက်နဲ့ ရောင်းချရတာ အဆင် မပြေဘူး ၊ ရန်ကုန်မှာ မွေးမြူ ထားတဲ့ အသားတိုးကြက် တွေပါ ၊ စိတ်ချရ ပါတယ် ၊ တချို့ ကလည်း ကြောက်ပြီး မ၀ယ် ကြတာ ... " ဟု ၄င်းဈေး အတွင်းမှ အသားတိုး ကြက်သား ရောင်းချသူ တစ်ဦးက ပြောကြား ခဲ့သည်။ လက်ရှိ အသားတိုး ကြက်သားဈေး နှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ခန့်သာ ရှိနေပြီး အရောင်း အ၀ယ် မကောင်းပါက ဈေးနှုန်း ထပ်မံ လျော့၍ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်း တွင် ဒေသကြက်ကို အ၀ယ်ရှိပြီး တစ်ပိဿာ ၅၀၀၀ ရှိသည်။ အသားတိုး ကြက်ဈေးနှုန်း မှာ ကျဆင်းလျက် ရှိပြီး လတ်တလော ၀ယ်ယူ စားသုံးသူ အများစုသည် အခြေခံ လူတန်းစား များသာ ဖြစ်ကြောင်း သိရသည်။ " ရန်ကုန်ကို မ၀င်အောင် ဂိတ်တွေမှာ စစ်ဆေး နေပါတယ် ၊ ဒီအတွက် စိုးရိမ်စရာ မလိုပါဘူး ၊ ရန်ကုန် ဈေးကွက်ကို မ၀င်အောင် ကြိုတင် တားဆီးမှုတွေ ဆောင်ရွက် နေပါတယ် ၊ ဖမ်းဆီး ရသမျှ ကြက်တွေကို ဖျက်ဆီးပစ် မှာပါ ... " ဟု ရန်ကုန်တိုင်း ဒေသကြီး အသားတိုးကြက် ထုတ်လုပ် မွေးမြူရောင်းချ သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။


ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နှင့် မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ် တို့ ပူးပေါင်း ပါဝင်၍ ဖမ်းဆီး ရသမျှ ကြက်သားပေါက် များကို ဖျက်ဆီးပစ်ရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဈေးကွက် အတွင်း ဂယက်သည် မြန်မာနိုင်ငံ အတွင်းရှိ အသားတိုး ကြက်မွေးမြူ ကြသော တစ်ပိုင် တစ်နိုင် လုပ်ငန်း များ၏ စီးပွားရေး ပျက်စီးနိုင်မှု အပါအ၀င် ပြည်သူများ အတွင်း ကူးစက် ရောဂါ မဖြစ်ပွား စေရေး အတွက် စစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger