နေပြည်တော် ၊ ၁၁-၉-၂၀၁၃
မြန်မာ့ တပ်မတော် (ရေ) အနေဖြင့် နိုင်ငံတကာ
ရေတပ်များ နှင့် ပူးပေါင်း ဆောင်ရွက်မှု ၊ အပြန်အလှန် ချစ်ကြည် ရင်းနှီးမှု များ တိုးမြှင့်
ဆောင်ရွက်လျက် ရှိရာ မြန်မာ့ တပ်မတော် ၏ ဖိတ်ကြားချက် အရ အိန္ဒိယ နိုင်ငံ ရေတ်မှ
FAC အမျိုးအစား INS Bangaram ( T- 65 ) စစ်ရေယာဉ် သည် မြန်မာနိုင်ငံ သို့ ချစ်ကြည်ရေး
ခရီးစဉ် အဖြစ် ယမန်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလ၀ါ ဆိပ်ကမ်း
MITT တံတားသို့ ရောက်ရှိ လာရာ တပ်မတော် (ရေ) မှ အရာရှိ ၊ စစ်သည်များက လှိုက်လှဲစွာ ကြိုဆို
ကြသည်။
အဆိုပါ စစ်ရေယာဉ် နှင့်အတူ အိန္ဒိယ ရေတပ်မှ
ဦးစီးအရာရှိ ၈ ဦး ၊ စစ်သည် ၄၅ ဦး လိုက်ပါ လာပြီး စက်တင်ဘာလ ၁၂ ရက်အထိ ၃ ရက်ကြာ နေထိုင်
သွားမည် ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)
No comments:
Post a Comment