www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 8, 2013

ဒေသခံပြည်သူများ ဆန္ဒအရ ဘားအံဟိုတယ် နှင့် ကုန်တိုက် တည်ထောင်ပြီးပါက ၉၀ ရာခိုင်နှုန်း အလုပ်အကိုင် ပေးမည်


ရန်ကုန် ၊ ၈-၉-၂၀၁၃

ကရင်ပြည်နယ် ဖားအံမြို့ အတွင်း ဘားအံဟိုတယ် နှင့် ကုန်တိုက် တည်ဆောက် ပြီးစီးပါက ဒေသခံ များအား ၉၀ ရာခိုင်နှုန်း အလုပ်အကိုင် ပေးသွားမည် ဖြစ်ကြောင်း မြဌေးကြွယ်လင်း ကုမ္ပဏီ လီမိတက် မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

အဆိုပါ ဟိုတယ် နှင့် ကုန်တိုက် ကို မြို့နယ် စည်ပင် သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် ဖြင့် ဇူလိုင်လ ၁၆ ရက်မှ စတင် တည်ဆောက်လျက် ရှိကြောင်း သိရသည်။ ၄င်းကို ယခုနှစ် နှစ်ဦးပိုင်းမှ တည်ဆောက်ရန် လျှောက်ထား ခဲ့ပြီး ပြည်နယ် အစိုးရ၏ ထောက်ခံချက် ရရှိကာ ဟိုတယ် နှင့်  ခရီးသွား လာရေး ၀န်ကြီးဌာန မှ ကွင်းဆင်း လေ့လာ၍ ဇွန်လ ၂၈ ရက်၌ ခွင့်ပြုမိန့် ရရှိခဲ့သောကြောင့် တစ်နှစ်အတွင်း အပြီး တည်ဆောက် နေခြင်း ဖြစ်ကြောင်း သိရသည်။

" တစ်နှစ်အတွင်း အပြီး တည်ဆောက်ဖို့ အတွက် ၀န်ခံ ကတိထိုးပြီး လုပ်ဆောင် နေတာပါ ၊ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ရည်ရွယ်ပြီး လုပ်တာပါ ၊ ကန့်ကွက်မှု အချို့တော့ ရှိခဲ့ပါတယ် ၊ ကုမ္ပဏီ အနေနဲ့ ဖြေရှင်းပြီး ပါပြီ ..." ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


ယင်း တည်ဆောက် မှုတွင် သက်ဆိုင်ရာ မှ မြေဧရိယာ ၂ ဒသမ ၅၅၆ ဧက ကို နှစ် ၉၀ ငှားရမ်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ၊ ပြည်နယ်အတွင်း အလုပ်လက်မဲ့ များရှိပြီး လုပ်ကိုင်သူ အများစုသည် ပြောင်းရွှေ့ အလုပ်သမား များဖြစ်ကြ ကြောင်း ၊ ဟိုတယ် နှင့် ကုန်တိုက်တွင် လိုအပ်သော အလုပ်နေရာ များတွင် ဦးစားပေး အဆင့် အနေဖြင့် ဒေသခံများကို ခန့်အပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger