www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 16, 2013

မိုင်းဖြတ်မြို့နယ် တွင် ယာဉ်တိမ်းမှောက် ရာမှ ခရီးသည် ၉ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိ


မိုင်းဖြတ် ၊ ၁၆-၉-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ၊ ဆွပ်ပလောင်း ကျေးရွာအနီး ၊ ကျိုင်းတုံ - တာချီလိတ် ကားလမ်း  မိုင်တိုင်အမှတ် ၅၅ ကီလိုမီတာနှင့် ၅၆ ကီလိုမီတာ အကြားတွင် စက်တင်ဘာ ၁၄ ရက်နံနက် ၁ဝ နာရီခွဲ အချိန်ခန့်က ကျိုင်းတုံမှ တာချီလိတ်သို့ ယာဉ်အမှတ် ၇က/၄၃၇၈ Light Truck အမျိုးအစား ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ လက်ယာဘက် ပေ ၅ဝ ခန့် အနက်ရှိ နမ့်လုံချောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက် ခဲ့သဖြင့် အမျိုးသား  ၂ ဦး၊ အမျိုးသမီး ၇ ဦး၊ စုစုပေါင်း ၉ ဦးသေဆုံပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလှိုင်မြို့နယ်ရှိ  ကျေးရွာများမှ ခရီးသည် ၂၁ ဦးနှင့် ယာဉ်မောင်း ဦးကြည်ဝင်း ၊ ယာဉ်နောက်လိုက် မိုးသက်တင်  စုစုပေါင်း ၂၃ ဦးဖြင့် တာချီလိတ်မြို့ သို့ အလုပ်လုပ်ရန် ထွက်ခွာ လာခဲ့ရာ အဆိုပါ နေရာတွင် အရှိန်လွန်၍ လမ်းဘေးချောင်း အတွင်းထိုးကျ တိမ်းမှောက် ခဲ့ခြင်း ဖြစ်သည်။

အခင်း ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်ရင်းမှ တပ်မတော်သားများ ၊ နယ်မြေခံ တပ်မတော် ဆေးရုံမှ ဆေးကုသရေး အဖွဲ့ဝင်များ ၊ မိုင်းဖြတ်ခရိုင် ရဲတပ်ဖွဲ့ဝင်များ ၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ၊ နယ်မြေခံ ပြည်သူ့စစ်များ ၊ လူမှုကူညီရေး အဖွဲ့ဝင်များ က သွားရောက် ကယ်ဆယ်၍ ရှေးဦးသူနာပြု လုပ်ငန်းများ ဆောင်ရွက် ပေးပြီး နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင်  မိုင်းဖြတ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင် ပေးခဲ့သည်။

အဆိုပါ နေရာတွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၈ ဦး သေဆုံးပြီး မိုင်းဖြတ် ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှုများ ဆောင်ရွက် ပေးနေစဉ် အမျိုးသမီး တစ် ဦး ထပ်မံ သေဆုံး ခဲ့သည်။ဆေးရုံ တက်ရောက် ကုသနေသော လူနာများ အနက်မှ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး တစ် ဦးတို့မှာ ဦးခေါင်းဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ကျန်လူနာ များမှာ ထိခိုက် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) များ အသီးသီး ရရှိခဲ့သည်။


ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်ကာ ခရီးသည်အား သေဆုံး/ ဒဏ်ရာရာ ရှိစေသူ ယာဉ်မောင်း ဦးကြည်ဝင်း  ၅၄ နှစ် (ဘ) ဦးဒွေး ၊ ကသစ်ပင်ရပ်ကွက် ၊ ဆည်တိုရွာ ၊ မလှိုင်မြို့နယ် နေသူအား မိုင်းဖြတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၁၁/၂ဝ၁၃ ၊ ပြစ်မှုပုဒ်မ ၃ဝ၄(က) ၊ ၃၃၇ ၊ ၃၃၈ ဖြင့် ရဲအုပ် ကိုကိုအောင် က အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger