www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, August 17, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ ပြည်ပကုမ္ပဏီ ၂ ခုအနက် လတ်တလောတွင် Telenor ၏ ၀န်ဆောင်မှုများက ပိုမိုအားသာ

 Vs

ရန်ကုန် ၊ ၁၇-၈-၂၀၁၃

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ Telenor နှင့် Ooredoo ပြည်ပ ကုမ္ပဏီ ၂ ခုအနက်မှ Telenor ၏ ၀န်ဆောင်မှု နှင့် ကြေညာချက် များကို မြန်မာ ပြည်သူလူထု မှ ပိုမို အကြိုက်တွေ့ နှစ်သက်လျက် ရှိကြောင်း လေ့လာစုံစမ်း မှုများအရ သိရသည်။

Telenor ကုမ္ပဏီမှ ဖုန်းခေါ်ဆိုခ ကို တစ်မိနစ်လျှင် ၂၅ ကျပ်ဟု သတင်းမီဒီယာ များနှင့် ပြည်သူလူထု ထံသို့ အတိအလင်း ကြေညာ လိုက်သော်လည်း Ooredoo ကုမ္ပဏီကမူ ဖုန်းခေါ်ဆိုခ နှုန်းထားကို တစ်မိနစ်လျှင် ၃၅ ကျပ်မှ ၄၅ ကျပ်ဟု ယာယီ သတ်မှတ်ထားပြီး ထွက်ရှိ လာပါက အံ့အား သင့်ဖွယ် ဈေးနှုန်း ဖြစ်လာမည် ဟုသာ ကြေညာ ထားသည်။

" အဓိက ဖုန်းခေါ်ဆို နှုန်းထားပါပဲ ၊ Telenor က ဖုန်းခေါ်ဆိုခ ၂၅ ကျပ်ဆိုပြီး နေ့စဉ်ထုတ် သတင်းစာတွေ ၊ ဂျာနယ်တွေမှာ ဖော်ပြတယ် ၊ Ooredoo က ဖုန်းခေါ်ခ ပိုမြင့်နေတယ် ၊ တစ်ခု ရှိတာက Ooredoo က ယာယီ သတ်မှတ် ထားတယ် ၊ တကယ်တမ်း မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့် ရမယ် ၊ လက်ရှိ အချိန်အထိ Telenor ရဲ့ ဖုန်းခေါ်ဆိုခ ကတော့ စိတ်ဝင်စား စရာပါပဲ ... " ဟု IT ပညာရှင် ကိုဇော်မျိုးထွန်း က ပြောကြား ခဲ့သည်။

အလုပ်သမား ခေါ်ယူမှု အပိုင်းနှင့် ပတ်သက်ပြီး Telenor နှင့် Ooredoo ကုမ္ပဏီ ၂ ခုကို နှိုင်းယှဉ်ကြည့် လျှင်လည်း Telenor မှာ ယခုလမှ စတင်၍ စက်တင်ဘာလ အထိ စီမံခန့်ခွဲမှု လုပ်သား ၂၅ ဦး ၊ အောက်တိုဘာလ မှ ဒီဇင်ဘာလ အထိ နည်းပညာ ကျွမ်းကျင် လုပ်သားများ ၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း အခြား လုပ်သားများ ခေါ်ယူမည်ဟု ကြေညာ ထားသော်လည်း Ooredoo ကုမ္ပဏီကမူ လုပ်သား ဦးရေ မည်မျှ ခေါ်ယူမည်ကို ထုတ်ပြန် ကြေညာခြင်း မရှိဘဲ မြန်မာနိုင်ငံ ရှိ အကောင်းဆုံး အတော်ဆုံး သူများကိုသာ ခေါ်ယူ သွားမည် ဟု သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ထုတ်ပြန် ကြေညာ ထားသည်။


အဆိုပါ ကုမ္ပဏီ ၂ ခုကို နှိုင်းယှဉ်ကြည့်လျှင် Ooredoo ကုမ္ပဏီမှာ Telenor ကုမ္ပဏီထက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ပိုများကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger